အားပို ရေးသည်။ မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆။ ညမှောင်မှောင်မှာ တစ္ဆေတစ်ကောင် အူကြောင်ကြောင်နဲ့လမ်းလျှောက်ထွက်လာပါတယ်။ သန်းခေါင်ကျော်ပြီ။ ညဟာ မည်းမှောင် နေတယ်။ မှောင်တယ်ပြောကြသူတွေဟာ သူတို့ကိုယ်တိုင်ကကော လင်းနေလို့လားဆိုပြီး တစ္ဆေကမဲ့ပြုံး ပြုံးလိုက်မိသေးတယ်။ တစ္ဆေက ထွက်သာလာတာ ဘယ်ရယ်လို့ဦးတည်ရာ မရှိပါဘူး။ …
Essay
မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆။ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ဒိုင်ယာရီ ရေးမယ်လို့ တွေးမိခဲ့တာ အကြိမ်ကြိမ်။ လက်မရောက် တာရော ရေးဖို့ အခွင့်မသာတာရောကြောင့် မရေးဖြစ်ခဲ့ဘူး။ နောက်တစ်ခုက ပျင်းစရာကောင်းတဲ့ အစည်းအဝေး မှတ်တမ်းလို ဖြစ်နေမှာစိုးလေတော့ ဘယ်လိုရေးမလဲလို့ အတွေးမပေါ်တာ …
ညီမင်းဆက် ရေးသည်။ မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၆။ အမာရွတ်တွေနဲ့ဆိုတော့ မလှတော့ဘူးပေါ့လို့ ညီမလေးပြောတော့ အဲဒီအမာရွတ်တွေအကြောင်းအတွေးက ဆန့် ထွက်ရှည်လျားသွားတယ်။ ညီမလေးနဲ့မတွေ့ဖြစ်၊ အဆက်အသွယ်မရဘဲ ရှိဖြစ်ခဲ့တဲ့ နေ့ရက်တွေထဲ အဲဒီအမာရွတ် တွေဟာ ညီမလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိထင်ဖြစ်တည်ခဲ့တာပဲဖြစ်တယ်။ ဘယ်လိုဖြစ်လို့ …
မေမိုး မဏ္ဍိုင်၊ ဇန်နဝါရီ ၉၊ ၂၀၂၆။ ကျွန်မတို့အိမ်ရဲ့ ဧည့်ခန်းကျဉ်းလေးထဲမှာ “သားနှင့်သမီး၊ အားနှင့်ထီး” ဆိုတဲ့ ပိုစတာလေးတစ်ခုကို အမေ ချိတ်ဆွဲထားပါတယ်။ ပေ ၂၀ ပတ်လည်သာရှိတဲ့ အိမ်လေးထဲမှာ ဘုရားကျောင်းဆောင်လေးက သီးသန့်နေရာယူထားပြီး ဒီဘုရားကျောင်းဆောင်လေးဟာ ကျွန်မတို့ မိသားစုရဲ့ …
ခေမံ ရေးသည်။ မဏ္ဍိုင်၊ ဇန်နဝါရီ ၆၊ ၂၀၂၆။ “ ဟဲ့ ဒီနေ့ ခေါင်းမလျှော်ရဘူး လာဘ်တိတ်တတ်တယ် ဟ ” ဗုဒ္ဓဟူးနေ့မှာ ခေါင်းကို ရေလောင်းမိတဲ့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူ ကျွန်တော်ကို အမေ လှမ်းဟန့်လိုက်တာပါ။ ဒီလို …
ခိုင်ရီ ရေးသည်။ မဏ္ဍိုင်၊ ဇန်နဝါရီ ၂၊ ၂၀၂၆။ ဒီ ၅နှစ်တာကာလအတွင်း လူတွေဟာ ရောက်ရတဲ့အရပ်မှာ အလွမ်းကိုယ်စီနဲ့ နေပျော်ဖို့ကြိုးစားနေထိုင်ကြရ သူတွေချည်းပါပဲ။ တချို့က အိမ်လွမ်းကြတယ်။ တချို့က ဇာတိကိုလွမ်းကြတယ်။ တချို့က မိဘကိုလွမ်းတယ်။ တချို့က အိမ်မွေးခွေးကလေးကိုလွမ်းချင်လွမ်းမယ်။ တချို့ကျလည်း …
လင်းဇေ ရေးသည်။ မဏ္ဍိုင်၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။ နေရာသစ်မှာ အခြေချရတဲ့အခါ ကိုယ့်အတွက် အရင်ဆုံး ရှာဖွေရတဲ့အရာတစ်ခုက လက်ဖက်ရည်ဆိုင်။ လက်ဖက်ရည်ဆိုင်မှ အရသာ ကောင်းလား၊ ထိုင်လို့ အဆင်ပြေလား၊ လက်ဖက်ရည်ဆိုင်နဲ့ရော တူရဲ့လားစသဖြင့် မျိုးစုံထုဆစ် ရှာဖွေရတာ။ ဘာကြောင့်ဆို …
လင်းဇေ ရေးသည်။ မဏ္ဍိုင်၊ နိုဝင်ဘာ ၈၊ ၂၀၂၅။ ပြီးခဲ့တဲ့ရက်က ဘန်ကောက်မြို့ကို အလည်တစ်ခေါက်ရောက်ခဲ့တယ်။ ဘန်ကောက်မြို့ကို ရောက်တာဟာ အခုအကြိမ်နဲ့ဆို ၆ ကြိမ်မြောက်။ ဒီလိုအလည်ရောက်တိုင်း ဘန်ကောက်မြို့ရဲ့ မိုးပျံလမ်းမကြီးတွေ၊ မိုးပျံရထား လမ်းတွေ၊ မြေအောက်ရထားတွေ၊ ခေတ်မီတဲ့ မြို့တွင်းပို့ဆောင်ရေးစနစ်တွေ …
မဏ္ဍိုင် – အောက်တိုဘာ ၂၀၊၂၀၂၅။ ဘယ်နေရာကြည့်ကြည့် အုံ့မှိုင်းမှိုင်း၊ စိုစိစိ မိုးကာလကို ဖြတ်ကျော်ပြီးတဲ့နောက် သီတင်းဝါလကျွတ်ပြီဟေ့ဆိုရင် လူတွေရဲ့စိတ်ဟာ လန်းဆန်းလာလေ့ရှိတယ်။ မမြင်ရ၊ မတွေ့ရတာကြာပြီဖြစ်တဲ့ မိုးတိမ်ပြာပြာ၊ ကြည်လင်သာတဲ့ ကောင်းကင်အသစ်တခုအောက်မှာ မျှော်လင့် ချက်တွေက မကြာခင်ပဲ ပြည့်တော့မလိုလို စိတ်အားတက်ကြွမှုခံစားချက် …
မဏ္ဍိုင်၊ စက်တင်ဘာ ၂၈၊ ၂၀၂၅။ နင်းကြမ်းလေး ဆိုတာ ကျေးရွာရဲ့ စည်းလုံးမှု၊ ကျေးရွာသားတွေရဲ့ စေတနာ ပြယုဂ်၊ ကျေးရွာရဲ့ ဝမ်းရေး။ ပြီးတော့ မတရားမှုနဲ့ ယုတ်မာရက်စက်မှုတွေလည်း စွန်းထင်းနေတယ်။ နင်းကြမ်းလေးဟာ သေဆုံးမှုရဲ့ သင်္ကေတ၊ သေမင်း တွေ …