မဏ္ဍိုင်၊ မတ် ၂၅၊ ၂၀၂၅။ ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်အတွင်းက ရဟိုင်ဖျား ချောင်းဖျားသည် ကိုသိန်းဝင်းတို့ တောတိုး၊ တောင်တက် သစ်ခုတ်၊ ဝါးခုတ်ပြီး ဝမ်းစာရှာဖွေစားသောက်ရသည့်နေရာတစ်ခုဖြစ်သည်။ တစ်ရက်တော့ ဝါးခုတ်သွားရင်း တောဆင်ရိုင်းများနှင့် တည့်တည့်တိုးခဲ့ရသည်။ တောဆင်ရိုင်းများနှင့်တွေ့သည့်အခါ ကိုသိန်းဝင်းတို့သည် ခြေဦးတည့်ရာ စုန်ပြေးကြသည်။ …