မဏ္ဍိုင် – အောက်တိုဘာ ၃၊၂၀၂၄။ တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် မြန်မာနိုင်ငံမှာ လူဦးရေရာနဲ့ချီသေဆုံးခဲ့ပြီး လူသိန်းပေါင်းများစွာ ရေဘေးဒုက္ခသင့်ကာ ထိခိုက်ပျက်စီးမှုတွေများစွာဖြစ်ခဲ့ပါတယ်။ ဒီထဲမှာ ပဲခူးတိုင်းဒေသကြီးထဲက တောင်ငူမြို့လည်း ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ရေဘေးသင့်တဲ့အထဲ စစ်ဘေးရှောင်စခန်းတွေလည်း ထိခိုက်ခဲ့ရပါတယ်။ တောင်ငူမြို့မှာရှိတဲ့ အင်းဝိုင်းစစ်ရှောင်စခန်းမှာ ခိုလှုံနေတာ သုံးနှစ်နီးပါးရှိပြီဖြစ်တဲ့ …