မဏ္ဍိုင်၊ ဧပြီ ၁၊ ၂၀၂၅။
မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် ပျက်စီးဆုံးရှုံးမှုများကိုအကြောင်းပြုကာ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူရန်၊ စစ်ကောင်စီနှင့်အခိုက်အတန့်လက်တွဲကြည့်ရန် နိုင်ငံရေးပွဲစားတစ်အုပ်စုက နိုင်ငံရေးဖော်မြူလာတစ်ခုကို ဇွတ်ထိုးရောင်းနေသည်။
အဆိုပါ ဖော်မြူလာထွက်ရာ အုပ်စုကို ကြည့်လိုက်သည့်အခါ ၂၀၁၀ ကာလက စစ်တပ်နှင့် တူသည်များတွဲလုပ်၊ မတူသည်များ ခွဲလုပ်ကြဟူသော အတွေးဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် အင်တိုက်အားတိုက် တိုက်တွန်းခဲ့ကြသည့်အဖွဲ့ ဖြစ်သည်။
ထိုစဉ်က အင်အားအကြီးဆုံးဖြစ်သည့် အတိုက်ခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်အတွင်း၌ပင် ရွေးကောက် ပွဲဝင်ရေး၊ မဝင်ရေး အတော်ပင် လွန်ဆွဲခဲ့ကြသည်။ စစ်တပ်(ယူနီဖောင်းချွတ်)က လုပ်သည့် ရွေးကောက်ပွဲကို မဝင်ရန် တိုက်တွန်းခဲ့ကြသည့် ဆရာကြီး ဦးဝင်းတင်နှင့် ရှေ့နေကြီး ဦးကိုနီ၏ ပုံရိပ်ကို မြင်ဖူးကြလိမ့်မည်။
ထိုစဉ်က ရွေးကောက်ပွဲဝင်ခဲ့ကြသူများ၏ အတွေးမှာလည်း စစ်တပ်သည် စိတ်ကောင်းများ ဝင်လေမလား၊ အသိတရားများ ရလေမလားဆိုသည့်အတွေးဖြင့် ရွေးကောက်ပွဲဝင်ခဲ့ကြဟန်ရှိသည်။ သို့သော် အများပြည်သူ မျက်မြင်ကိုယ်တွေ့ပင် စစ်တပ်သည် အာဏာ၏ အရသာ၊ အာဏာ၏ စည်းစိမ်ကို သိ၍ တိုင်းပြည်အာဏာ လက်လွှတ်ရတော့မည့်အရေးတွင် အတင်းဝင်လုသည်။
ငလျင်မဖြစ်ခင် ၂ ရက်အလို နေပြည်တော်၌ ကျင်းပပြီးစီးခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း၌ပင် စစ်တပ်သည် သူ၏ ရပ်တည်ချက်ကို ထင်ထင်ရှားရှား ထုတ်ပြောထားပြီးဖြစ်သည်။ စစ်တပ်ကို ဦးစားပေးသည့် နိုင်ငံရေး ဦးဆောင်မှု၊ စစ်တပ်ကို အလုံးစုံ မျက်နှာသာပေးသည့် နိုင်ငံရေးလမ်းကြောင်းကို လျှောက်လှမ်းရမည်ဆိုတာ အားလုံး မျက်မြင် ကိုယ်တွေ့ဖြစ်သည်။ ၎င်းတို့၏ ရပ်တည်ချက်ကို အလုံးစုံ ထုတ်ပြောထားပြီးဖြစ်သည်။ တနည်းအားဖြင့် မိုက်ကြေးခွဲထားပြီးဖြစ်၏။
ထို့ကြောင့် ယခု ငလျင်အရေးအကြောင်းပြုပြီး စစ်တပ်နှင့် ရွှေလက်တွဲရန် အကြံပြုနေခြင်းသည် နိုင်ငံရေး ပွဲစားအုပ်စု၏ မစင်ကို ရွှေချနေသည့် လုပ်ရပ်ပင်ဖြစ်သည်။ မစင်တုံးက မစင်တုံးမျှသာဖြစ်ပြီး ရွှေတုံးဖြစ်မလာနိုင်။
အဆိုပါ နိုင်ငံရေးပုရောဟိတ်လိုလို၊ နိုင်ငံရေးပွဲစားလိုလို အုပ်စုသည် ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇာတ်လမ်းရှည်ကြီးကို ဆက်ရိုက်လိုဟန်ရှိသည်။ မြန်မာပြည်၏ နိုင်ငံရေးအဆိုးကျော့သံသရာကို ထပ်မံဆွဲဆန့်ချင်သည့် လုပ်ရပ်ပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက ရှုမြင်ကြောင်း ဖော်ပြလိုက်ပါသည်။
4 comments
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.com/fr/register?ref=T7KCZASX
Heard about rr86 from a friend. Looks promising, like a cool place to chill. Anyone got any good stories about it? Check it out: rr86
Your point of view caught my eye and was very interesting. Thanks. I have a question for you.
ph789 login https://www.ph789-login.com