ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (Photo Essay)

မဏ္ဍိုင် – ဩဂုတ် ၈ ၊ ၂၀၂၅။

ကရင်ဘိုးဘွားဆွေအစဉ် မျိုးအဆက်ဆက်မှ ယုံကြည်မြတ်နိုးတန်ဖိုးထားကာ ထိန်းသိမ်းလာလျက်ရှိသော ရိုးရာ ဓလေ့အများအနက်မှ ဝါခေါင်လအတွင်း၌ ကျင်းပပြုလုပ်ကြသော ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာရိုးရာဓလေ့ပွဲကို ယနေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝှေ့ကလုတ်ကျေးရွာ ၊ တောရကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ချည်ဖြူဖွဲ့မင်္ဂလာပွဲများကို ဝါခေါင်လဆန်းမှ လပြည့်နေ့အထိ ကရင်တိုင်းရင်းသားများက ပြုလုပ်လေ့ရှိသည်။

ဝါခေါင်လချည်ဖြူဖွဲ့ခြင်းအကြောင်းအရင်းမှာ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်းလုပ်ကိုင် စား သောက်ခြင်းနှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍တွန်းလှန်ကာကွယ်ခြင်းဟူသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ဝါခေါင်လတွင် ချည်ဖြူဖွဲ့ခြင်းဖြစ်ရာ ဝါခေါင်လချည်ဖြူဖွဲ့ဟူ၍လည်း ခေါ်ဝေါ်သမုတ်ကြသည်။

ကရင်လူမျိုးတို့သည် တိဘတ်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာ မြက်နုရာ အရပ်ဒေသကို ရှာဖွေ ရရာ၌ အုပ်စုများခွဲ၍ ထွက်လာခဲ့ကြသည်။

ထိုသို့ခွဲထွက်လာရာတွင် နောင်အခါပြန်လည်ဆုံ တွေ့ကြသည့်အခါ တစ်ဦးကိုတစ်ဦးက မှတ်မိစေရန်နှင့် မိမိတို့ကြား၌ အနိုင်ကျင့်သွေးခွဲခြင်းမခံရစေရန် ချည်ကြိုးဖြင့် အမှတ်အသား လုပ်ဖို့ တိုင်ပင်ခဲ့ကြရာမှ ယနေ့မျက်မှောက်တွင် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်း တည်ရှိလာသည်ဟု အဆိုရှိသည်။

ချည်ဖြူဖွဲ့မင်္ဂလာတွင် အဆောင်အယောင်ပစ္စည်း ၉ မျိုးရှိသည်။ လင်ဗန်း၊ စကောတစ်ခုခုပေါ်တွင် ထမင်း ၇ ဆုပ်၊ ကောက်ညှင်းဖင်ချွန် ၇ ထုပ်၊ ငှက်ပျောသီးမှည့် ၇ လုံး၊ နတ်ပန်းညို ၇ ခက်၊ ကြံပိုင်းငယ် ၇ ပိုင်း၊ ရေတစ် ဖလား ကိုချထားရသည်။ ထိုပစ္စည်းများပေါ်တွင် အရှည်တတောင်ကျော်ခန့် ချည်ဖြူများကိုဖြတ်ပြီးဖြန့်စီးထားလေသည်။

ချည်ဖြူဖွဲ့မင်္ဂလာဓလေ့သည် ရှေးကရင်ခေါင်းဆောင်လူကြီးများက ကြီးမားသော ရည်ရွယ်ချက်များဖြင့် ထားရှိ သည့် ကရင်အမျိုးသားများအား၏ ဝိသေသလက္ခဏာတစ်ရပ်ဖြစ်သောကြောင့် ယနေ့ကရင် လူငယ်များအနေဖြင့် မိမိ လူမျိုး၏ကိုယ်ပိုင်ဝိသေသလက္ခဏာတစ်ရပ် မပျောက်ပျက်စေရန် ဆက်လက်ခံယူ သယ်ဆောင်လာကြသည့် ဓလေ့တစ်ခုဖြစ်ပြီး မဏ္ဍိုင်က Photo Essay အဖြစ် ဖော်ပြပေးလိုက်ပါသည်။

Leave a Comment

4 comments

casinomxgana December 22, 2025 - 10:36 pm

Casinomxgana is on my radar. Heard good things about it. A pretty good casino, right? If you’re feeling it, check it out. Happy gaming! Get lucky here casinomxgana.

Reply
taya333 January 14, 2026 - 4:53 pm Reply
tongits go January 14, 2026 - 5:53 pm Reply
jl16login January 15, 2026 - 2:42 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing