စီးပွားရေးပျက်ကပ်ဖြစ်ရတဲ့ အကြောင်းအရင်းများ

မဏ္ဍိုင်၊ ဧပြီ ၁၀ ၊ ၂၀၂၅။

စီးပွားရေးပျက်ကပ်ဆိုတာ နိုင်ငံတစ်ခုရဲ့ အရေးပါဆုံးဖြစ်တဲ့ အခန်းကဏ္ဍတွေ တစ်ခုပြီးတစ်ခု ပြိုလဲသွားရာကနေ အစပြုတာပဲဖြစ်တယ်။

စီးပွားရေးပျက်ကပ်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဆိုပြီး ဖော်ညွန်းချက်တွေအရ

(၁) နိုင်ငံရေး ပြသာနာ

(၂) ဘဏ်စနစ်ပျက်ယွင်းခြင်း (Banking collapse)

(၃) အထွေထွေတန်ဖိုးကျဆင်းမှု (Deflation) သို့ ငွေဖောင်းမှု များပြားခြင်း (Hyperinflation) (၄) သဘာဝဘေးအန္တရာယ်ကြီးများနဲ့

(၅) စတော့ရှယ်ယာစျေးကွက် ပြိုကျခြင်း ဆိုပြီး တွေ့ရတယ်။

အံဩစရာကောင်းတာက အဲဒီ အချက် ၅ ချက်စလုံးဟာ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ လုံးဝကိုက်ညီနေတာ တွေ့ရတယ်။

(၁) နိုင်ငံရေး ပြသာနာ

မြန်မာမှာ ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးမှာ အထွေထွေ အကြပ်အတည်းဆိုက်လာတယ်။

နိုင်ငံကို သမိုင်းတလျှောက် အဆိုးရွားဆုံး အောက်ဆွဲချလိုက်တာဖြစ်သလို အညွှန့်တလူလူ ဖွံ့ဖြိုးဆဲနိုင်ငံကို ဖြိုချလိုက်တာပါ။ စစ်တပ်ဟာ လူငယ်ပေါင်းသောင်းချီကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို စီးပွားရေးကိုလည်း လိုသလို ဖန်တီးခဲ့တာကြောင့် စီးပွားရေးပါကျဆင်းသွားခဲ့တယ်။

ပညာတတ်အသိုင်းအဝိုင်းတွေက နိုင်ငံကို စွန့်ခွာသွားကြသလို လူငယ်အများစုကလည်း လက်နက်နဲ့ ဖိနှိပ်ချင်တဲ့ စစ်တပ်ကို ပြန်တော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြရတယ်။ ဒါကပဲ နိုင်ငံရဲ့ တိုးတက်စပြုနေတဲ့ လမ်းကြောင်းဟာ ပြိုပျက်သွားခဲ့ရပြီး လေးနှစ်ကျော်အတွင်းမှာတင် အဆိုးရွားဆုံး အကျပ်အတည်းကို ကြုံခဲ့ကြ ရတယ်။

(၂) ဘဏ်စနစ် ပျက်ယွင်းခြင်း (Banking collapse)

နိုင်ငံကို စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ နိုင်ငံအတွက် အရေးကြီးဆုံး ဗဟိုဘဏ်ကို အာဏာသိမ်းစစ်တပ်က ထိန်းချုပ်လိုက်တယ်။

ဘဏ်တွေမှာလည်း ငွေသားစီးဆင်းမှုတွေ ရပ်တန့်ကုန်ပြီး အများပြည်သူက ငွေသားထုတ်ယူရ ခက်ခဲလာကြတယ်။ ကိုယ်စုထားတဲ့ ငွေကို ရာခိုင်နှုန်း ပြန်ပေးပြီး ပြန်ထုတ်ရတဲ့ အခြေအနေထိ ဆိုးရွားခဲ့တယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်ကို အသုံးချပြီး တရားမဝင် ငွေကြေးစီးဆင်းမှုတွေ များလာခဲ့တယ်။

ဗဟိုဘဏ်ဟာ စစ်တပ်ရဲ့စေခိုင်းမှုနဲ့ Digital payment တွေကို ထိန်းချုပ်တာ ၊ ပိတ်သိမ်းတာ လုပ်ခိုင်းခဲ့ပေမယ့် မြန်မာနိုင်ငံက အကြီးဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ လောင်းကစားမှုတွေကနေရတဲ့ ငွေကြေးတွေကို တားဆီးနိုင်ခြင်း မရှိပါဘူး။

မူးယစ်ဆေးဝါးရောင်းချရတဲ့ ငွေ၊ လောင်းကစားလုပ်ငန်းတွေကရတဲ့ ငွေကြေး (၈၀) ရာခိုင်နှုန်းဟာ ဘဏ်တွေကနေတဆင့် စီးဆင်းနေတာ ဖြစ်တယ်။ နိုင်ငံရေးမကောင်းဘဲ နေရာတိုင်းမှာ စစ်ဆေးရေးဂိတ်ပေါင်းစုံ ရှိနေတဲ့ ဒီနိုင်ငံမှာ မှောင်ခိုသမား၊ မူးယစ်ရာဇာအများစုဟာ ဘဏ်စနစ်ကိုပဲ သုံးနေကြတာပါ။ ဒါကပဲ နိုင်ငံတခုရဲ့ ဘဏ်စနစ် ပျက်ယွင်းခြင်း (Banking collapse) ဖြစ်လာနေပါတယ်။

(၃) အထွေထွေတန်ဖိုးကျဆင်းမှု (Deflation) / ငွေဖောင်းပွမှုများပြားခြင်း (Hyperinflation)

စစ်တပ် အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာမှုက ကြောက်ခမန်းလိလိ ဖြစ်လာခဲ့တယ်။ လေးနှစ်တာအတွင်း အခြေခံကုန်စည်တချို့ဟာ ၅ ဆအထိ ဈေးမြင့်တက်လာခဲ့ပြီး တချို့ကုန်စည်တွေဆိုရင် ၁၀ ဆမက မြင့်တက်လာတယ်။

နိုင်ငံခြားငွေကြေး လိုအပ်ချက်မြင့်မားလာခြင်းနဲ့အတူ စစ်တပ်ဟာ လိုအပ်တိုင်း ကျပ်ငွေကို ရိုက်ထုတ်သုံးစွဲနေ ခြင်းက ငွေကြေးဖောင်းပွလာစေတယ်။

အာဏာမသိမ်းမီကာလက အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ကျပ် ၁,၃၀၀ ဝန်းကျင်ကနေ လေးနှစ်ကျော် အကြာမှာ တစ်ဒေါ်လာ ကျပ် ၄,၃၅၀ အထိ ရောက်လာတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိ၊ ခရီးသွားဧည့်သည် ကျဆင်းပြီး သွင်းကုန်ကန့်သတ်လာတော့ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေက ဈေးကြီးလာတယ်။

ငွေကြေးဖောင်းပွမှုရော ကုန်ဈေးနှုန်းမြင့်မားတဲ့ ဒဏ်ကိုပါ ပြည်သူတွေ ဆိုးရွားစွာ ခံခဲ့ရပြီး အလုပ်လက်မဲ့ များပြားလာနေတယ်။

နိုင်ငံစီးပွားရေးဟာ အနုတ် ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သလို စီးပွားရေးတိုးတက် ကောင်းမွန်အောင် ဖန်တီးနိုင်ခြင်း မရှိတာကြောင့် တိုင်းပြည်ဝင်ငွေလည်း လျော့ကျခဲ့တယ်။ စစ်တပ်ကတော့ နိုင်ငံဂျီဒီပီဟာ ၂၀၂၂ မှာ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော် ရှိတယ်ဆိုပေမယ့် လက်တွေ့မှာ နည်းပါတယ်။

စစ်အုပ်စုဟာ ပြည်သူကို မကြည့်ဘဲ မိမိအကျိုးစီးပွားအတွက်သာ ရသမျှ အသုံးချပြီး ကိုယ်ကျိုးရှာခဲ့တာကို လေးနှစ်တာအတွင်း မျက်ဝါးထင်ထင် တွေ့ခဲ့ရတယ်။

(၄) သဘာဝဘေးအန္တရာယ်ကြီးများ

၂၀၂၁ စစ်အာဏာမသိမ်းခင်အထိ ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်းကို မြန်မာနိုင်ငံက ကြံ့ကြံခံရင်ဆိုင်နိုင် ခဲ့ပြီးသားပါ။ ကောင်းမွန်တဲ့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်စီမံခန့်ခွဲမှုအောက်မှာ စေတနာ့ဝန်ထမ်း လူငယ်အမြောက်အများက စနစ်တကျ ဝန်းရံခဲ့ကြတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် စေတနာ့ဝန်ထမ်းတွေနဲ့ လူငယ်တွေကို ဖိနှိပ် ရက်စက်ခဲ့တာကြောင့် လူတွေ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ ကိုဗစ်တတိယလှိုင်း ဖြစ်လာခဲ့တယ်။

အရပ်သားအစိုးရဟာ စနစ်တကျ စီမံခန့်ခွဲမှုတွေနဲ့ လိုအပ်တဲ့ ပစ္စည်းအစုံအလင် ချန်ထားခဲ့ပေမယ့် စစ်တပ်ဟာ ကောင်းမွန်တဲ့အုပ်ချုပ်မှု မလုပ်နိုင်ဘူး။

စစ်တပ်ဟာ အုပ်ချုပ်နိုင်မှု မရှိသလို လက်တွေ့ တာဝန်ယူ လုပ်ပေးနိုင်ကြတဲ့ လူငယ်တွေ မရှိတော့တာကြောင့် တတိယလှိုင်းဟာ လူသေပျောက် အများဆုံး ကပ်ဘေး ဖြစ်ခဲ့တယ်။

စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်း မရှိတဲ့ လုပ်ဆောင်မှုကြောင့် လူတွေ မသေသင့်ပဲ သေဆုံးကြရသလို အရပ်သားတွေ လည်း အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းမှာ နိုင်ငံတဝှမ်း မိုးကြီးပြီး မြေပြို၊ ရေကြီးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်။ မြို့၊ ကျေးရွာ ဒေသတွေ ရေမြုပ်ခဲ့သလို လမ်းတွေလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့တယ်။ အထူးသဖြင့် ကလောမြို့ နဲ့ အင်းလေးဒေသ ရေလွှမ်းမိုးတဲ့ ဖြစ်စဉ်တွေဟာ အဆိုးရွားဆုံးကပ်ဘေးဖြစ်လာတယ်။

၂၀၂၅ မတ် ၂၈ ရက်မှာတော့ နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး ငလျင်ဘေးကို ထပ်မံကြုံတွေ့ခဲ့ကြတယ်။ စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော် မြို့တွေမှာ အဆိုးရွားဆုံး ထိခိုက်ခံစားရပြီးနောက် အခုချိန်ထိကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်သေးပါဘူး။

ငလျင်ဒဏ်ခံရတဲ့ဒေသတွေကို ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ဘီလီယံချီ ကုန်ကျနိုင်ပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက် ကျပ်ဘီလီယံ ၅၀၀ သုံးစွဲမယ်လို့ ဧပြီလ ၁ ရက် နေပြည်တော်မှာလုပ်ခဲ့တဲ့ အလှူငွေလက်ခံတဲ့အခမ်းအနားမှာ ပြောခဲ့ပါတယ်။   ဒါကလည်း ငွေစက္ကူ အသစ်ရိုတ်ထုက်ခြင်းနဲ့ပဲ ဖန်တီးမှာမို့ ရေရှည်မှာ ဆိုးကျိုးရရှိလာနိုင် တယ်။

နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုနဲ့ ဆိုးကျိုးတွေကို တလှေကြီး ခံစားရနိုင်ပေမယ့် စစ်တပ်ဟာ အခုထိ ကုစားမယ့်အစီအစဉ် မလုပ်နိုင်သေးဘူး။

စစ်အာဏာသိမ်းပြီးနောက် ကျဆင်းယိုယွင်းလာနေတဲ့ မြန်မာ့စီးပွားရေးဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ သိသာစွာ ခံစားလာရပြီး ၂၀၂၅ မှာတော့ အဆိုးရွားဆုံး ခံစားနေရတာပါ။ ဒီလို ဖြစ်နေချိန်မှာ တပူပေါ် နှစ်ပူဆင့် အနေနဲ့ စစ်ကိုင်းငလျင်ကို ပြင်းထန်စွာ ခံစားလိုက်ရတာပါ။

ဒါဟာ စီးပွားရေးကဏ္ဍအပေါ် ကြီးမားစွာ ရိုက်ခတ် သက်ရောက်လာနေတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စီးပွားရေးပျက်ကပ်ကို စောလျင်စွာ ကြုံတွေ့ရဖို့ ဖန်တီးနေသလို ဖြစ်နေပြီး စစ်တပ်အုပ်စုဟာ စီးပွားရေးကို ပြန်လည်ကုစားဖို့ လုပ်ဆောင်နိုင်တဲ့ အဆင့်မှာ ရှိမနေပါဘူး။

(၅) စတော့ရှယ်ယာစျေးကွက် ပြိုကျခြင်း

မြန်မာနိုင်ငံမှာ ရန်ကုန် စတော့အိတ်ချိန်းဈေးကွက် ရှိနေပေမယ့် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုကိုတော့ မပေးနိုင်ပါဘူး။ ဗဟိုထိန်းချုပ်မှု များပြားလွန်းတဲ့ ရန်ကုန်စတော့ အိတ်ချိန်းဟာ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု မရှိပေမယ့် ကမ္ဘာ့စီးပွားရေးပြိုလဲလာခြင်းက အကျိုးသက်ရောက်လာပါတယ်။

လက်ရှိ ကမ္ဘာကြီးကလည်း စီးပွားရေးပျက်ကပ်ရောက်ဖို့ နီးစပ်လာနေပြီး အမေရိကန်နဲ့ တရုတ်တို့ရဲ့ အားပြိုင်မှုကလည်း စီးပွားရေးကို ရိုက်ခတ်လာတယ်။

ကမ္ဘာ့ စတော့ရှယ်ယာတွေ ကျဆင်းလာနေတာကို သိသာစွာ မြင်တွေ့နေရပြီးတော့ ယိုင်လဲလာနေတဲ့ ကမ္ဘာ့စီးပွားရေးဟာ ကျဆုံးနိုင်ငံဖြစ်တဲ့ မြန်မာကို အကျိုးသက်ရောက်စေမှာပါ။ လက်ရှိလည်း မြန်မာ့ထုတ်ကုန်တချို့ဟာ ဝယ်ယူတာ လျော့ကျလာနေပြီး ပို့ကုန်တင်ပို့မှုနဲ့ နိုင်ငံခြားဝင်ငွေ ရရှိမှုကို ထိခိုက်လာနေစေတယ်။

ရလဒ်ကတော့ မြန်မာ့စီးပွားရေးဟာ ပျက်ကပ်နားကို တိုးဝင်လာနေတဲ့ အခြေအနေမှာ ရှိနေတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ စီးပွားရေးပျက်ကပ်ကို ဖြစ်စေတဲ့ အကြောင်းအရာ ၅ ခုကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ တူညီနေတာကို တွေ့ရမှာပါ။

ပြန်လည်ကုစားနိုင်တဲ့ အခြေအနေလည်း မရှိ၊ စီးပွားရေးအရ နာလန်ထူနိုင်တဲ့ အခြေအနေမှာလည်း မရှိတာကြောင့် စီးပွားရေးပျက်ကပ်လမ်းပေါ်ကို ရောက်နေပြီလား တွေးစရာပါ။

ပြည်တွင်းစစ် မငြိမ်းသေးတာ၊ စစ်တပ်ဟာ ငွေစက္ကူသာ ရိုတ်ထုက်ပြီး စစ်အသုံးစရိတ် မြင့်တင်နေတာ၊ သဘာဝဘေးဒဏ်ပေါင်းစုံ ရင်ဆိုင်နေရတာ၊ စီးပွားရေးကျဆင်းတာ၊ လူတွေရဲ့ အကျင့်စာရိတ္တ ယိုယွင်းပျက်စီးလာနေတာတွေဟာ လက်ရှိ မြန်မာပြည်ရဲ့ အခင်းအကျင်း ဖြစ်ပါတယ်။

နိုင်ငံတခုကို တိုးတက်အောင် မစီမံခန့်ခွဲတက်တာ၊ ကိုယ့်ကျိုးအတွက်သာ အသုံးချတာတွေကြောင့်လည်း ပိုဆိုးဝါးလာနေတာပါ။

စီးပွားရေးပျက်ကပ်ဖြစ်စေတဲ့ အကြောင်းအရင်းအချက်တွေကိုလည်း ဖော်ပြထားပြီမို့ ကြိုတင်ပြင်ဆင် တားဆီးတာ မလုပ်နိုင်ရင် ရေရှည်မှာ လူထုဟာ အထိနာနေဦးမှာ ဖြစ်ပါတယ်လို့ ဆိုပါရစေ။

ပြင်ပဆောင်းပါးရှင် ကိုဗန်သည် မြန်မာနိုင်ငံတွင် သတင်းသမားအဖြစ် ၁၀ နှစ်ကျော်ကြာရပ်တည်ခဲ့သူဖြစ်ပြီး စီးပွားရေးဆိုင်ရာ သတင်းများ၊ ဆောင်းပါးများကို အထူးပြုရေးသားနေသည့် သတင်းသမားတစ်ဦးဖြစ်သည်။

Leave a Comment

6 comments

8sbet December 22, 2025 - 10:41 pm

Thinking about trying 8sbet? I gave it a go last weekend. It’s alright, nothing groundbreaking, but a solid option if you’re looking for something new. Might be worth checking the odds. See what you think! 8sbet

Reply
binance anm"alningsbonus December 23, 2025 - 5:29 am

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply
binance account December 30, 2025 - 6:36 am

Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.info/register?ref=IXBIAFVY

Reply
phtaya1 January 14, 2026 - 3:32 pm Reply
jiliokcc January 14, 2026 - 6:21 pm Reply
phmaya January 20, 2026 - 3:52 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing