မဏ္ဍိုင်၊ နိုဝင်ဘာ ၁၊ ၂၀၂၅။
ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများတဲ့၊ တကယ်က ခေတ်သမိုင်းကို ဒရုန်းကြဲမည့်သူများလို့ နာမည်ပေးရမှာ။ ဒါကမှ မင်းတို့နဲ့အလိုက်ဆုံး ဇာတ်ကားဖြစ်မှာ။ ဘာတဲ့ ဒီမိုကရေစီလိုချင်ရင် ရွေးကောက်ပွဲဝင်တဲ့၊ ထွမ်… မင်းတို့ မစင်စားပြောတောင် မယုံနိုင်ပေါင်။
မသာအိမ်မှာ ဖဲဝိုင်းထောင်ပြီး ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်လူကိုယ်ထည့်၊ ဘယ်ကောင်တွေ ဒေါင်းမယ်ဆိုတာ ကြိုသိနေတဲ့ အရူးဘုံမြောက်၊ အရူးကောက်ပွဲကြီးကို။ မင်းတို့မို့ ဝိုင်းပြီး ဟိုဒင်း၊ ဟိုဟာ မ နေကြတယ်။ အာဏာရူး၊ သမ္မတရူးက သူ့ဟာသူထမင်းလွတ် ဟင်းလွတ်ရူးနေတာကို နားလည်ပေးနိုင်သေးရဲ့၊ ဒါကိုမှ အရူးဘုံမြှောက် ဝိုင်းလုပ်နေကြတဲ့ မင်းတို့ အနူပညာရှင်တစ်သိုက်ကိုတော့ အံ့ဩပ။ အနူတောမှာ လူချောလုပ်နေကြတဲ့ အနူပညာရှင်တွေ။
ပြည်သူကို စစ်ကျွန်ပြုဖို့ စစ်ဖိနပ်ကိုမှ လျှာနဲ့လျက်တဲ့ အနူပညာသည်တွေ၊ မင်းတို့ခေါင်းထဲ ဦးနှောက်တွေ ရှိတာရော ဟုတ်ရဲ့လား၊ မင်းတို့တွေဟာ ထမင်းတွေ စားနေကြတာရော ဟုတ်ရဲ့ လားလို့ တွေးမိတယ်။ ရွံတယ်ကွာ အခါခါပဲ။
တော်တော်ပဲ တရားမျှတ၊ လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲကြီး။ မဝေဖန်ရ၊ လက်ညှိုးမထိုးရ၊ မျက်စောင်းပင် မထိုးရ၊ ဦးကုန်းချတာမျိုးပဲဖြစ်ရမယ်။ ဝေဖန်ထောက်ပြခြင်းဟာ ကြီးလေးတဲ့ရာဇဝတ်မှုကြီးတစ်ခုလိုပဲ၊ နှစ်ရှည်ထောင်နန်းစံသွားရမယ်။ ဒါနဲ့များ ဒီမိုကရေစီရွေးကောက်ပွဲကြီးတဲ့။ ဘဘရွှေကတော့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကြီးတဲ့၊ မင်းအောင်လှိုင်ကတော့ စည်းကမ်းပြည့်ဝငြိမ်ဝပ်ပိပြားတဲ့ ဒီမိုက ရေစီရွေးကောက်ပွဲကြီးဖြစ်မယ်။
မင်းတို့ရွေးကောက်ပွဲကြီးက ဘယ်လို ဗရုတ် သုတ်ခတွေဆက်ဖြစ်မယ်ဆိုတာ မတွေးဝံ့စရာပဲ။ အခုမှ ရွေးကောက်ပွဲစည်းရုံးရေး တာလွှတ်တာ။ အခုပဲကြည့်လေ ရွေးကောက်ပွဲကြီး တရားမျှတပါကြောင်း လိမ်လည်ထားတဲ့ ဝါဒဖြန့် ဇာတ်ကားကိုပင် မဝေဖန်ရ၊ ဝေဖန်မှုပေးတဲ့ ဖေ့ဘွတ်ပို့စ်မှာတောင် လိုက်ခ် (Like) မလုပ်ရတဲ့။ သမိုင်းတွင် ကျန်ရစ်မယ့်ဖြစ်ခြင်း။
အခုတော့ စာတစ်ကြောင်း၊ လိုက်ခ်တစ်ချက်ပေးရုံနဲ့ အာဏာရူးက ဖမ်းနေကြပြီ မဟုတ်လား၊ မင်းတို့ အနူပညာရှင်တွေကို ချက်ချင်း အစည်းအဝေးခေါ်၊ ရာဇသံတွေပေးပြီ မဟုတ်လား။ ဟိုဟာ မပြောရ၊ ဒီဟာ မလုပ်ရ၊ ဟိုမသွားရ၊ ဒီမသွားရ၊ ဖေ့ဘွတ်မှာ လိုက်ခ်(Like)လေး တစ်ချက်တောင် နှိပ်ခွင့်မရှိတဲ့ဘဝတွေ။
နောက်ဆို မင်းတို့ အလေးသွားတာတောင် မင်းတို့ဘဘမအလဆီ စာတင်ရမယ့် သဘော။ မင်းတို့ဟာ လူလုပ်ဖို့ မွေးလာတာလား၊ မင်းအောင်လှိုင် ဆီမှာ ကျွန်ခံဖို့ မွေးလာကြတာလားလို့တောင် မေးလိုက်ချင်တယ်။
ကိုယ့်ထမင်းကိုယ်စားပြီး စစ်ကျွန်နံ့ နံ့ချင်ကြတယ်။ စစ်ကျွန်ခံချင်နေကြတယ်။ ကိုယ့်ခြေမ ကိုယ်ကိုက်ပြီး ပြန်စဉ်းစားဖို့ကောင်းတယ်။ ပြောတော့ ပြည်သူကျွေးတဲ့ ထမင်းစားနေကြတဲ့ အနုပညာရှင်ပါတဲ့၊ မင်းတို့ အနူပညာရှင်တွေဟာ လူသနားအောင်တော့ အတော်ပြောတတ်၊ ဆိုတတ်၊ သရုပ်ဆောင်တတ်ကြတယ်။ ပြည်သူတွေဟာ မင်းတို့ရဲ့ ထမင်းရှင်တွေပါဆိုရင် ပြည်သူတွေအပေါ် သစ္စာလေးတော့ ရှိဖို့ကောင်းတယ်။ အခုတော့ မင်းတို့ဟာ သခင်အားရ ကျွန်ပါးဝပြီး ပြည်သူကို ပုဆိုးလှန်ပြကြတယ်၊ လူသတ်ကောင်ကို ဝန်းရံလို့ ပြည်သူကို စစ်ကျွန်ခံစေချင်ကြတယ်။
မင်းတို့ဘာသာ အကယ်ဒမီအရုပ်တွေ ဘယ်နှရုပ်ပဲရရ မင်းတို့ရတဲ့ အကယ်ဒမီအရုပ်ဟာ သွေးပေတဲ့လက်နဲ့ ပေးတဲ့အရုပ်၊ အဲဒီအရုပ်မှာ အညာပြည်သူတွေရဲ့ အသက်တွေ ရှိတယ်၊ မြန်မာပြည်က ကလေးတွေရဲ့ အသက်တွေ စတေးခံထားရတယ်၊ မြန်မာအမျိုးသမီးတွေ မုဒိမ်းကျင့်ခံထားရတယ်ဆိုတာ မြင်တတ်အောင် ကြည့်ကြ။
မင်းတို့ မမြင်နိုင်ရင် ထပ်ပြောပြမယ်၊ အဲဒီအရုပ်ဟာ စစ်ခေါင်းဆောင်၊ လူသတ်သမား မင်းအောင်လှိုင်ကို အကာအကွယ်ပေးဖို့ ခွေးကိုပစ်ကျွေးလိုက်တဲ့ အမဲရိုးတစ်ချောင်းသာသာပဲ။ ဒီထက် မပိုဘူး။ ခွေးကတော့ အမဲရိုးတစ်ချောင်း ပိုင်ရှင်ကြီး၊ အမဲရိုးနှစ်ချောင်းပိုင်ရှင်ကြီးဆိုပြီး ဝံ့ကြွားနေမှာပေါ့။ ဒါပေမဲ့ သူက အမဲရိုးရှင်ကို ပြန်စောင့်ရှောက် ပေးရတာကို မမြင်နိုင်ရှာဘူး။ အမဲရိုးတစ်ချောင်းအတွက် ပြန်ပေးဆပ်ရမှာတွေကို မသိရှာဘူး။
အခုတော့ အမဲရိုးတစ်ချောင်းကိုက်၊ နှစ်ချောင်းကိုက် အိုကြီးအိုမ အနူပညာရှင်တွေနဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဝါဒဖြန့်ဇာတ်ကားမှာပါဝင်တဲ့ အရိုးကိုက်အနူပညာရှင်တွေကို ပြည်သူက ဒဏ်ခတ်နေကြပြီ မဟုတ်လား။ ယိုသူမရှက် မြင်သူရှက်ဆိုတာ ဒါမျိုးပေါ့။ မင်းတို့သရုပ်ဆောင်နေတာ မပြောနဲ့ မင်းတို့ သရုပ်ဆောင်ထားတဲ့ ဝါဒဖြန့်ဇာတ်ကား ကြည့်ရ၊ မြင်ရတာတောင် အတော်ရှက်လွန်းတယ်။ တရားမဲ့၊ သစ္စာမဲ့တဲ့ အနူပညာရှင်တွေ။
ငါတို့က အထဲမှာမို့၊ မတတ်သာလို့ဆိုတဲ့ ဆင်ခြေတွေ မပေးနဲ့၊ မင်းတို့က မတတ်သာတာ မဟုတ်ဘူး၊ ထမင်းရှင် ပြည်သူတွေအပေါ် မသက်ညှာတာ။ မထောက်ထားတာ။ ခေတ်ကြီးကို လိမ်နေကြတာ၊ သမိုင်းညာကြီးကို ရေးထိုးနေကြတာ၊ လူသတ်သမားကို ဝန်းရံနေကြတာ။ မင်းတို့ရဲ့ အနုပညာဆိုတာ ကိုယ်ကျိုးသမား၊ အာဏာရှင်တွေအတွက်ပဲ၊ ပြည်သူအတွက်တော့ အဆိပ်အတောက်ပေါ့။
ပြည်သူကျွေးတဲ့ ထမင်းစားထားပြီး မယုံကြည်တာတွေကို မလုပ်ဖို့၊ သစ္စာတရားကို စောင့်သိဖို့ သတ္တိလေးတော့ မွေးကြစမ်းပါ။ အာဏာရှင်လက်မှာ သေသွားရတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေကိုတော့ ထောက်ထားကြပါ။ အခုရွေးကောက်ပွဲက ဒီမိုကရေစီရွေး ကောက်ပွဲပဲလေလို့တော့ မပြောနဲ့ အာဏာရှင်သန်းရွှေလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဖင်ဖျားတောင် မမှီဘူး၊ သိက္ခာ မရှိဘူး။ အလိမ်အညာတွေကို မပီပြင်ဘူး၊ မပိရိဘူး။
အခု ရွေးကောက်ပွဲဆိုတာ သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင်က သူသမ္မတလုပ်ဖို့ တစ်ခုတည်းအတွက် လုပ်တဲ့ ရွေးကောက်ပွဲ၊ သမ္မတအရူးတစ်ယောက်ရဲ့ ရွေးကောက်ပွဲ။ သူ့ထက် ရူးတဲ့သူတွေက ဒီအရူးကောက်ပွဲကို ဝန်းရံနေကြတဲ့သူတွေ၊ တနည်းအားဖြင့် သမ္မတရူးထက် ရူးမူးနေကြတဲ့သူတွေပဲ။ အနုပညာရှင် အိုကြီးအိုမတွေ အပါအဝင် အနုပညာရှင်အပေါင်းတို့ ဘဝမှာ တစ်ခေါက်တခါလောက်တော့ ပြည်သူ့မျက်နှာ ထောက်၊ စစ်အာဏာရှင်ကို မကြောက်တဲ့ သတ္တိတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
9 comments
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
скачать лаки джет лаки джет lucky jet — встречаются разные варианты написания названия, но суть остаётся той же: краш-игра с растущим множителем и финалом раунда. При выборе площадки обратите внимание на официальный сайт и лицензию, чтобы минимизировать риск мошенничества. Сигналы лаки джет и упоминания стратегий часто обсуждаются в чатах и форумах; однако они не гарантируют устойчивый результат и требуют критического анализа источников. Рекомендуется начать с демо-режима лаки джет онлайн, чтобы сравнить интерфейсы и функционал, а затем переходить к играм на деньги только на проверенных площадках. Защита данных и финансовых операций — важная часть безопасной игры: используйте сильные пароли, двухфакторную аутентификацию и безопасные каналы оплаты. Ищите лаки джет официальный сайт и проверяйте отзывы, но не полагайтесь исключительно на иллюзорные сигналы — принимайте решения на основе собственного бюджета и терпимости к риску.
Download the 890betapp, it’s surprisingly good! Smooth performance and they’ve got some nice promos running. Worth the download 890betapp
Your article helped me a lot, is there any more related content? Thanks!
Thanks for sharing. I read many of your blog posts, cool, your blog is very good.
tg77com https://www.tg77com.org
philbet https://www.philbetts.net
jiliokcc https://www.jiliokccw.com
639jl https://www.639jlj.net