ရွေးကောက်ပွဲများနှင့် မီးခိုးရောင် အတွေးများ (အတွေးအမြင်)

ကျော်ဇေယျာထွန်း ရေးသည်။

မဏ္ဍိုင်၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၅။

ယခုရေးသားမည့်စာသည် စစ်တပ်အတွက် ရေးခြင်းမဟုတ်၊ တိုင်းပြည်ကောင်းစားလိုသည့် စိတ်ဆန္ဒရှိသူများအတွက် ကိုယ့်၏ သိမြင်မှုကို မျှဝေရုံမျှသာဖြစ်သည်။

ကျွန်တော်သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို ၄ ကြိမ် မြင်တွေ့ဖြတ်သန်းဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ယခုကျင်းပသည့် ၂၀၂၅ ရွေးကောက်ပွဲအထိ စုစုပေါင်း ၄ ကြိမ်။ စစ်အုပ်ချုပ်ရေးအောက်တွင် မွေးဖွားကြီးပြင်း လူလားမြောက်လာပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲကို ပထမဆုံး ကြုံခဲ့ဖူးသည်။

ယင်းမတိုင်ခင် ၂၀၀၈ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆန္ဒပြုခဲ့ဖူးသည်။ ထိုစဉ်က အခြေခံဥပဒေမူကြမ်းကို အခေါက်ခေါက်အခါခါဖတ်ပြီးနောက် စစ်တပ်၏ပါဝင်ပတ်သက်မှု အများ အပြားရှိနေခြင်းနှင့် ဒီမိုကရေစီအနှစ်သာရ မပေါ်လွင်ဟုယူဆခြင်းကြောင့် ‘ကြက်ခြေခတ်’ ဆန္ဒပြုခဲ့သည်။ ယင်းသို့ဆန္ဒပြုခဲ့ခြင်းအတွက် ယနေ့အထိ နောင်တမရ။

၂၀၁၀ ရွေးကောက်ပွဲကျင်းပမည်ဆိုသည့်အခါ Vote နှင့် No Vote များကွဲကြသည်။ မှတ်မိသလောက်ဆိုရလျှင် Vote သမားများသည် စစ်တပ်နှင့်တူတာတွဲလုပ်၊ မတူတာခွဲလုပ်၊ ‘မင်း နှင့် ငါ’ ဆိုသည့်သဘောထက် ‘ငါတို့’ ဆိုသည့်အထိုင်ပေါ်က စဉ်းစားပြီး တိုင်းပြည်ကို ပြောင်းလဲပစ်မည်ဆိုသည့်အဖွဲ့။

အယူအဆက ဘဝင်ကျစရာဖြစ်သော်လည်း စစ်တပ်ကျေးဇူး မူးလို့ပင်ရှူစရာမရှိဟု မှတ်ယူပြီး စစ်တပ်အပေါ် အလုံးစုံယုံကြည်မှု မပေးနိုင်သူများက No Vote သမားများ ဖြစ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲကို စစ်တပ်က ကမကထလုပ်ပြီး စစ်ဗိုလ်ချုပ်များ စစ်ယူနီဖောင်းချွတ်၊ တိုက်ပုံဝတ်ပြီး ဝင်ပြိုင်မည့် ရွေးကောက်ပွဲသည် မည်သို့မှ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်၊ မည်သို့မျှ ဒီမိုကရေစီအနှစ်သာရ မပြည့်ဝနိုင်၊ ဖြစ်ထွန်းလာမည့်အစိုးရသည်လည်း စစ်တပ်ကျောထောက်နောက်ခံ အစိုးရသာဖြစ်မည်ဟု No Vote သမားများက မှတ်ယူသည်။

အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မပါဝင်သည့် ရွေးကောက်ပွဲတွင် လူထုအတွက် ရွေးချယ်စရာ မရှိ။

ထိုစဉ်က ကျွန်တော်သည် The Voice Weekly တွင် သတင်းထောက်အဖြစ် အလုပ်လုပ်နေသူဖြစ်သည်။ ဆရာနေ (ဒေါက်တာနေဝင်းမောင်)ဦးစီးသည့် Myanmar Egress နှင့် The Voice Weekly ၏ အာဘော်များသည် Vote အဖွဲ့ဖြစ်သည်။ သို့သော် ကျွန်တော်တို့က No Vote။ ဆရာနေသည် သူ၏သတင်းထောက်များနှင့် သူ့တပည့်များတွင် No Vote သမားများရှိသည်ကိုသိသော်လည်း ဟန့်တားခြင်းမပြု။

ထိုစဉ်က The Voice Weekly တွင်ဖော်ပြခဲ့သည့် ချောတိုင်တက်သူများအကြောင်းနှင့် လက်များကို စားပွဲပေါ် တင်ထားရန် ရေးသားသည့် အယ်ဒီတာ့အာဘော်များသည် ကျွန်တော်တို့အတွက် အတော် ဒေါသထွက်စေခဲ့သည့် အရာများဖြစ်သည်။

ထို့ကြောင့် စစ်တပ်ကျင်းပသည့်ရွေးကောက်ပွဲ၊ တဖက်သတ်ကျင်းပသည့် ရွေးကောက်ပွဲတွင် ကျွန်တော် မဲမပေးခဲ့။ ရွေးကောက်ပွဲကျင်းပသည့်နေ့က ကျွန်တော်သည် စစ်တွေမြို့တွင် သတင်းလိုက်နေခဲ့သည်။ ရခိုင်ပြည်သူများသည် ၂၀၁၀ ရွေးကောက်ပွဲကို အကြိတ်အနယ်၊ အကြီးအကျယ်မဲပေးကြသည်။ ထိုစဉ်က ဒေါက်တာ အေးမောင်ဦးဆောင်သည့် RNDP ပါတီကို ရခိုင်ပြည်သူအများစု မဲထည့်ကြသည်။

သူတို့အတွက် ရွေးကောက်ပွဲသည် သူတို့၏အနာဂတ်ဖြစ်သည်။ မဲတစ်ပြားသည် သူတို့၏ဘဝများကို ပြောင်းလဲပစ်နိုင် သည်ဟူသော စကားများကို ကြားရသည့်အခါ ကျွန်တော်သည် မဲပေးချင်သည့် စိတ်များပင် ဖြစ်မိသည်။ သို့သော် ယင်းမှာ စိတ်ကူးရုံမျှသာဖြစ်ပြီး တကယ့်လက်တွေ့၌ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် Vote လုပ်ခြင်းသည် မြန်မာ့နိုင်ငံရေးပြဿနာ၏ အဖြေမဟုတ်သေးဟု ခံစားမိသည့်အခါ No Vote လုပ်ခြင်း အတွက် နောင်တမရ။

စစ်တပ်သည် ၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီး နိုဝင်ဘာ ၁၃ ရက်တွင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။ စစ်တပ်သည် သူ့လူပန်းဝင်ပြီးမှ ပြိုင်ဘက်ကို တာလွှတ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ဝင်၊ မဝင် မဲခွဲသည့်အခါ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အများစုက ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်သည်။ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ပြီး အတွင်းထဲမှ တဖြည်းဖြည်းချင်း ပြောင်းလဲ ယူမည်ဟူသော လမ်းကို လျှောက်လှမ်းခဲ့သည်။

သို့သော် ဆရာကြီးဦးဝင်းတင်ကတော့ စစ်တပ်ကျေးဇူးမူးလို့ပင် ရှူစရာမရှိ၊ စစ်တပ်ပေါ်အယုံအကြည်မရှိ။ NLD ရွေးကောက်ပွဲဝင်မည့်အရေးကိုလည်း ကန့်ကွက်ခဲ့သည်။ ကျွန်တော်သည် ဆရာကြီးဦးဝင်းတင်ကို ကြည်ညို လေးစားသည်။ သူ့ရပ်တည်ချက်ကို ချစ်သည်။ သို့သော် ကျွန်တော်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခဲ့သည်။

သို့အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် No Vote လုပ်ခဲ့ခြင်းကို မှားသည်ဟု မမြင်၊ Vote လုပ်ခဲ့သူများကိုလည်း မှန်သည်ဟု မထင်။ အခင်းအကျင်း၊ ပေးထားချက်ပြောင်းလဲသွားသည့်အပေါ် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟုသာ ရှုမြင်သည်။

NLD သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း ကျွန်တော်တို့ ကြက်ခြေခတ်ခဲ့ကြသည့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ကြသည်။ ၂၀၁၅ တွင် မဲအပြတ်အသတ်နိုင်ပြီး NLD အစိုးရဖွဲ့နိုင်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲမှသည် ၂၀၂၀ အထိ မြန်မာနိုင်ငံတွင် အပြောင်းအလဲနှင့် ဖွံဖြိုးတိုးတက်မှုများစွာရှိသလို တစ်ဖက်တွင်လည်း အမျိုးသားရင်ကြားစေ့ရေးနှင့် မြန်မာအပါအဝင်တိုင်းရင်းသားတွေကြား တန်းတူညီမျှရေး ကိစ္စရပ်များအတွက် ရှေ့ဆက်လုပ်စရာများစွာက ကျန်နေသေးသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ကျန်နေသေးသည့် ပြုပြင်ပြောင်းလဲမှုများအတွက် ရှေ့ဆက်နိုင်ဖို့ အခွင့် အလမ်း များက မြင်နေရသည်။ သို့သော် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုက အရာအားလုံးကို အဆုံးသတ်သွားသည်။ တိုင်းပြည် အမှောင်တွင်းနက်ကြီးအတွင်းသို့ ကျခဲ့ရသည်။

သို့ဖြစ်ခဲ့၍ ဆရာကြီးဦးဝင်းတင်၏ စကားကို နားမထောင်ဘဲ စစ်တပ်၏ ရွေးကောက်ပွဲကို ဝင်၊ စစ်တပ်နှင့် လက်တွဲခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို မှားသည်ဟုလည်း လုံးဝ မမြင်။ ဘုရားဟု အထင်မှတ်မှားနေသည့် တောင်ပို့ထဲက ဖွတ်ကို ဒေါ်အောင်ဆန်းစုကြည်က အကောင်လိုက်ဆွဲထုတ်ပြခဲ့ခြင်းသာဖြစ်သည်။ အရင်းအနှီး ကြီးကြီးမားမားပေးဆပ်ပြီး ဖွတ်ကြီးကို အားလုံးမြင်သာအောင် ထုတ်ပြခဲ့ခြင်းသာဖြစ်သည်ဟု မှတ်ယူသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုမှသည် ယနေ့အထိ အာဏာသိမ်းစစ်တပ် မည်သို့ပြုမှုကျင့်ကြံနေသည်ကို အားလုံးအသိပင်။

အထက်ပါအတွေ့အကြုံများစွာရှိနေသည်ဖြစ်ရာ ယခုအာဏာသိမ်းစစ်တပ်ကျင်းပသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် မဲပေးရ လောက်အောင်အထိ ကျွန်တော် မိုက်လုံး မကြီး။ ၂၀၂၅ ရွေးကောက်ပွဲကို မထောက်ခံ၊ မဲမပေးရခြင်း အတွက်လည်း နောင်တရနေမည်မဟုတ်။ ရှင်းလင်းသည့်ပေးထားချက်များအတွက် ယခုလိုဆုံးဖြတ်ရ ခြင်းဖြစ်သည်။ နိုင်ငံသား တစ်ယောက်အနေဖြင့် လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ဆုံးဖြတ် ချက်ဖြစ်သည်။ လူမသိ၊ သူမသိ၊ တိတ်တဆိတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ဆုံးဖြတ်ချက်။ လူတစ်ဦး၏ သမိုင်းတစ်ခုဟု ရှုမြင်သည်။

အာဏာသိမ်းစစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲကို စစ်တပ်ကိုယ်တိုင်က လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲဟုဆို နေခြင်းက အံ့ဩစရာ မရှိ။ သို့သော် ၈၈ အရေးအခင်းကာလက စစ်တပ်ကို ဆန့်ကျင်ခဲ့ဖူးသည့် နိုင်ငံရေးသမားအချို့က ၂၀၂၅ ရွေးကောက်ပွဲကို အကြီးအကျယ်ထောက်ခံနေခြင်းက အံ့ဩဖွယ်ရာဖြစ်သည်။

နေပြည်တော်၊ ရန်ကုန်လောက်သာ ကျင်းပနိုင်သည့် ရွေးကောက်ပွဲလောက်ဖြင့် မြန်မာ့နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် ပြဿနာများကို ပြေလည်နိုင်စရာ အကြောင်းမရှိ။

မြန်မာ့နိုင်ငံရေးပြဿနာသည် မြန်မာလူမျိုးစု နိုင်ငံရေးသမားများကြား အငြင်းပွား၊ ရန်ဖြစ်နေရုံဖြင့် မပြေ လည်နိုင်ဘူးဆိုသည်ကို နုလုံးသွင်းထားဖို့ ကောင်းသည်။ တိုင်းရင်းသားများအပါအဝင် တခွင်တပြင်လုံးကို ထည့်သွင်းစဉ်းစားဖို့ကောင်းသည်။ ကိုယ့်နေရာတစ်ခုတည်းကွက်ကြည့်ပြီး တစ်တိုင်းပြည်လုံးကို စစ်အာဏာ ရှင်လက်ထဲထည့်ရန် စဉ်းစားနေကြခြင်းသည် အတော်အတွေးတိမ်ခြင်းသာဖြစ်၏။

မည်သို့ပင်ဖြစ်စေ ကိုယ့်နိုင်ငံရေးအယူအဆအရ ၂၀၂၅ ရွေးကောက်ပွဲကို ဝင်ပြိုင်သည်ဖြစ်စေ၊ ထောက်ခံသည် ဖြစ်စေ ယင်းက ကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်သည်ဟု ကျွန်တော်က ရှုမြင်သည်။ သို့သော် မိမိရွေး ကောက်ပွဲဝင်ပြိုင်ခြင်း၊ ထောက်ခံခြင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးက မှားသလိုလို၊ ရွေးကောက်ပွဲကို ကန့်ကွက်ခြင်းက သေးသိမ်ကျဉ်းမြောင်းသည့် အယူအဆလိုလို ရှုမြင်နေခြင်းကိုတော့ မည်သို့မျှ လက်မခံနိုင်။

ကိုယ်တိုင်လမ်းပေါ်မထွက်ရဲ၊ ကိုယ်တိုင် တောမခိုရဲသည့်အတွက် လက်နက်ကိုင်တော်လှန်ရေးမှားသည်ဟု ကျွန်တော်လုံးဝ မယူဆ။ ကိုယ့်တစ်ကိုယ်ရည်ပြဿနာကို အခြေပြုကာ နိုင်ငံရေး ရပ်တည်ချက် ပြောင်း လိုက်ခြင်းဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာ ပြေလည်သွားနိုင်မည်မဟုတ်။ လက်နက်ကိုင်တော်လှန်ရေးက အကြမ်းဖက်လမ်းစဉ်ဟုဆိုလျှင် မည်သူက အရင်ဆုံးဦး အကြမ်းဖက်၊ သေနတ်ထုတ်ခဲ့သလဲဟူသော မေးစရာ၊ ဖြေစရာများက တုတ်ထမ်း၊ ဓားထမ်းပြောရမည့် အရေးဖြစ်သည်။

“ငါတို့က အထဲမှာနေရတာ မလွယ်ဘူး” ဟုဆိုလျှင် ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်နေ၍ရသည်။ ယခုဖြစ်နေခြင်းက မနေနိုင်မထိုင် စစ်အာဏာရှင်စနစ်ကို ကျယ်ကျယ်လောင်လောင် ကျားကန်ပေးနေ ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း လွတ်မြောက်ရာလွတ်မြောက်ကြောင်း ရောက်နေ၍ ‘ရန်ငါပြတ်ရမည်’ ဟုဆိုကာ ပြည်တွင်းထဲ ကျန်နေသူများ ဘာလုပ်လုပ် ထိုင်ဆဲနေခြင်းကလည်း အဖြေမဟုတ်။ အကျိုးမရှိ။ မိတ်ဖက်တချို့ ရန်သူဖြစ်သွားခြင်းသာ အဖတ်တင်သည်။

ဆင်ခြင်ဖို့ကောင်းသည်က အားလုံး၏ ဘုံတူညီမှုသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ပပျောက်သွားပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားရေး ပင်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ အတွင်းအပြင် ကျရာကဏ္ဍ၊ နိုင်ရာဝန်ကို ထမ်းရွက်ရုန်းကန်ကြဖို့သာ အဓိက ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဒီမိုကရေစီအင်အားစုချင်းချင်းကြား ဆက်၍အငြင်းပွားနေဦးမည်ဆိုလျှင် မိမိအပါအဝင် တိုင်းရင်းသား ပြည်သူများသည် စစ်ကျွန်ဝင်္ကပါထဲ တဝဲလည်လည်သာ ဆက်ရှိနေဦးမည်။

Leave a Comment

6 comments

crayon shin chan merge January 7, 2026 - 1:13 pm

It’s interesting to hear someone who’s observed four elections in Myanmar; the perspective from 2010 onward would be valuable. I found some related historical context while looking at https://tinyfun.io/game/crayon-shin-chan-merge.

Reply
BlakeBrush January 9, 2026 - 6:32 am

jailbailt & teen

В глубинах холодного моря жил древний Кракен, охранявший зеркала памяти. Эти зеркала не отражали лица — они показывали страхи, мечты и забытые решения каждого, кто осмеливался взглянуть в их гладь. Когда шторм поднимался, щупальца Кракена тянулись к поверхности, защищая зеркала от жадных глаз. Моряки верили: если зеркало треснет, море потеряет равновесие. Поэтому легенда учила уважать тайны глубин и помнить, что не каждое отражение стоит искать.

Reply
Kennethfouri January 9, 2026 - 10:06 am

Hello friends,
if you are searching for a new online casino,
I can share with you some great options.

These sites have bonuses,
quick withdrawals, and a huge choice of games.

Browse the site https://images.google.com.bd/url?q=https://luckystreak1.store

Good luck )

Reply
BlakeBrush January 9, 2026 - 11:33 am

jailbailt & teen

В глубинах холодного моря жил древний Кракен, охранявший зеркала памяти. Эти зеркала не отражали лица — они показывали страхи, мечты и забытые решения каждого, кто осмеливался взглянуть в их гладь. Когда шторм поднимался, щупальца Кракена тянулись к поверхности, защищая зеркала от жадных глаз. Моряки верили: если зеркало треснет, море потеряет равновесие. Поэтому легенда учила уважать тайны глубин и помнить, что не каждое отражение стоит искать.

Reply
BlakeBrush January 9, 2026 - 1:52 pm

jailbailt & teen

В глубинах холодного моря жил древний Кракен, охранявший зеркала памяти. Эти зеркала не отражали лица — они показывали страхи, мечты и забытые решения каждого, кто осмеливался взглянуть в их гладь. Когда шторм поднимался, щупальца Кракена тянулись к поверхности, защищая зеркала от жадных глаз. Моряки верили: если зеркало треснет, море потеряет равновесие. Поэтому легенда учила уважать тайны глубин и помнить, что не каждое отражение стоит искать.

Reply
RandomNameRuina January 13, 2026 - 1:14 pm

world enterprise network – Suggests international alliance-building at scale.

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing