မဏ္ဍိုင်၊ မတ် ၁၀ ၊ ၂၀၂၅။ ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင် ဒုက္ခသည်စခန်းတခုမှာနေထိုင်တဲ့ ၃၇ နှစ်အရွယ် ကရင်အမျိုးသား စောအယ်ဝါး*ဟာ ပြင်းထန်ဗိုက်အောင့်ဝေဒနာကို မကြာခဏခံစားနေရသူပါ။ ဗိုက်အောင့်လာပြီဆိုရင် စခန်းတွင်းကဆေးရုံကို အမြန်ပြေး ပြီး ကုသမှုခံယူလိုက်တဲ့အခါမှသာ သက်သာလေ့ရှိတယ်လို့ သူက ပြောပါတယ်။ …