မဏ္ဍိုင်၊ အောက်တိုဘာ ၅၊ ၂၀၂၅။ “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာရှိ” ဤကား ဆရာကြီးဒဂုန်တာရာ၏ ထင်ရှားသည့် အဆိုအမိန့်ဖြစ်သည်။ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြသည့် နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများနှင့် ဝန်းရံထောက်ပို့နေကြသည့် အင်အားစုများ၏ …