မပျော်ရတဲ့ အောင်ပွဲနဲ့ တော်လှန်ရေးခရီး ဘယ်လိုဆက်မလဲ

မဏ္ဍိုင်၊ ဇွန် ၁၇၊ ၂၀၂၅။

စစ်ကောင်စီလေယာဉ် ပျက်ကျမှုအောင်ပွဲတစ်ခုကို မပျော်ကြဘဲ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြား တစ်ဦးနဲ့တစ်ဦး လက်ညှိုးထိုး၊ အပြစ်တင်ဝေဖန်နေကြတဲ့အခြေအနေမျိုးနဲ့ တော်လှန်ရေးခရီး ဘယ်လိုရှေ့ဆက် ဖြစ်မလဲလို့ စာရေးသူတွေးမိတယ်။

ဇွန်လ ၁၀ ရက်နေ့က ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီးပျက်ကျခဲ့ တယ်။ ပြည်သူတွေကို သတ်ဖြတ်ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစ်စီး တော်လှန်ရေး ကာလအတွင်း အညာဒေသမှာ ပထမဆုံးပျက်ကျတာ။ သတင်းကြားကြားခြင်း အားလုံးပျော်ရွှင်ဝမ်းမြှောက် ကြပေမယ့် သိပ်မကြာခင်မှာပဲ ဟိုလူပစ်ချတာ၊ ဒီလူပစ်ချတာဆိုပြီး အငြင်းပွားကြတယ်။ ပြီးတော့ ပစ်ချတာ မဟုတ်ဘူး၊ သူ့ဘာသာပျက်ကျတာစတဲ့ အချင်းချင်းကြား အပြစ်တင်ဝေဖန်တာတွေဖြစ်ကြတယ်။

အဲဒီအခြေအနေက လူရယ်စရာ၊ ဝေဖန်စရာတွေ ဖြစ်ကုန်တယ်။ စစ်ကောင်စီကိုယ်တိုင်ကလည်း စက်ချွတ်ယွင်း လို့ သူ့ဘာသာပျက်တာပါဖြစ်ကြောင်း ထုတ်ပြန်တယ်။

ပုလဲမြို့နယ်၊ ကန့်ဒေါင်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို ဇွန်လ ၂ ရက်ကတည်းက ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ဦးဆောင်ပြီး တခြားသောတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖော်ဆောင်ခဲ့ကြတာပါ။ အဲဒီ နယ်မြေဟာ ဗျူစောထီးအားကောင်းတဲ့နယ်မြေ။ ကန့်ဒေါင်ရွာရဲ့ အနီးဝန်းကျင်မှာ ပျူစောထီးအား ကောင်းတဲ့ အင်မထီးရွာနဲ့ ဇီးဖြူကုန်းရွာတွေရှိတယ်။

ကန့်ဒေါင်ကျေးရွာရဲစခန်းကို အရင်ကလည်း NUG လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေက သိမ်းပိုက်ဖို့ ကြိုးစားခဲ့ ကြဖူးတယ်။ အခုတကြိမ်တော့ PLA က ဦးဆောင်ပြီး ပူးပေါင်းတိုက်ကြတာပါ။ ဒီနေရာမှာ တခြားသော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မပါဘဲ PLA တပ်ရင်း တစ်ခုတည်းနဲ့ တိုက်ဖို့ဆိုတာလည်း မလွယ်ကူပါဘူး။

အခုကြားရတာက PLA တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ကန့်ဒေါင်ကျေးရွာရဲစခန်းကို သိမ်းပိုက်နေချိန် NUG လက်အောက်ခံတပ်ရင်းတွေကလည်း ကန့်ဒေါင်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာမျိုးလုပ်ပေးတယ်။ ပြီးတော့ တပြိုင်နက်တည်းမှာ ဇီးဖြူကုန်းရွာကိုလည်း NUG လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေက ဝင်တိုက်ကြတယ်လို့ သိရတယ်။

အဲဒီနယ်တစ်ဝိုက်မှာ တိုက်ပွဲတွေဟာ ဇွန်လ ၂ ရက်ကတည်းက ဆက်တိုက်ဖြစ်နေတာပါ။ စစ်ကောင်စီကလည်း အဲဒီအနီးဝန်းကျင်က ကျေးရွာတွေကို လေကြောင်းဗုံးကြဲတာတွေ လုပ်တယ်။ သူတို့ရဲ့ စခန်းတွေကို လေကြောင်းကနေ စစ်အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်တယ်။

အဲဒီတိုက်ပွဲကာလအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားပြည်သူ ၃ ဦး လောက် သေတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။ တိုက်ပွဲအခြေအနေက တော်လှန်ရေးအင်အားစုတွေက အသာစီးရနေတဲ့အခြေအနေပါ။

ဇွန်လ ၁၀ ရက်မှာတော့ ဗုံးကြဲလာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁စီးကို တော်လှန်ရေးအင်အားစုတွေက ဝိုင်းပစ်ချကြတယ်။ ကန့်ဒေါင်ရွာရဲစခန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ PLA ပူးပေါင်း တပ်ဖွဲ့တွေကရော၊ ဇီးဖြူကုန်းရွာကို တိုက်ခိုက်နေကြတဲ့ NUG လက်အောက်ခံတပ်ရင်းတွေကရော စစ်ကောင်စီရဲ့ တိုက်လေယာဉ်ကို ပစ်ချကြတယ်လို့ သိရတယ်။ တိုက်လေယာဉ်လည်း ပျက်ကျသွားခဲ့တယ်။

ပြည်သူတွေ အကြီးအကျယ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီရဲ့ တိုက်လေယောဉ်ပျက်ကျသွားအတွက် ကြားရသူအပေါင်း ဝမ်းမြောက်ကြတယ်။ PLA က အဲဒီတိုက်လေယာဉ်ကို သူတို့တပ်ရင်းက ပစ်ချတာပါလို့ အရင်ဦးဆုံးထုတ် ပြန်တယ်။ အဲဒီစာထုတ်ပြန်လိုက်တဲ့နောက်မှာ မြေပြင်မှာရှိနေတဲ့သူတချို့က သူပစ်ချတာ၊ ငါပစ်ချတာဆိုတာမျိုး တွေ အငြင်းပွားကြတယ်။ တချို့ကလည်း ဘယ်သူမှ ပစ်ချတာမဟုတ်ဘူး၊ သူ့ဘာသာသူပျက်ကျတာဆိုပြီး ပစ်ချတယ်လို့ ထုတ်ပြန်တဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တယ်။

တကယ်တော့ ပစ်ချသည်ဖြစ်စေ၊ ပျက်ကျသည်ဖြစ်စေ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး ပျက်စီးဆုံးရှုံး သွားတဲ့အတွက် ဝမ်းမြောက်ဝမ်းသာအောင်ပွဲခံရကြရမယ်။ ဒီအခြေအနေကနေ စိတ်ဓာတ်တက်ကြွမှုတွေယူပြီး ရှေ့ဆက်ဖို့အတွက် ခွန်းအာတွေ မွေးရမယ်။ အခုတော့ အဲဒီအစား အချင်းချင်းကြား အငြင်းပွားရပြီး စိတ်ဝမ်းကွဲ စရာတွေဖြစ်ကြရတယ်။ စစ်ကောင်စီဝမ်းသာအောင် လုပ်နေကြတယ်။ ဒီလိုစိတ်ဝမ်းကွဲနေမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက သပ်လျှိုသွေးခွဲတာတွေ ဖြစ်လာနိုင်တယ်။

ဒီလိုဖြစ်နေတဲ့အခြေအနေတစ်ခုကို တော်လှန်ရေးဦးဆောင်တဲ့သူတွေကိုယ်တိုင်ကလည်း တစ်စုံတရာကြားဝင် ပြောကြာတာမျိုး၊ ဖြေရှင်းပေးတာမျိုးလုပ်သင့်တယ်လို့ တွေးမိတယ်။ ဒါ့အပြင် အညာဒေသမှာ အခုလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းမှုနဲ့ ရရှိလာတဲ့ အောင်မြင်မှုအတွက်လည်း အသိအမှတ်ပြုတာမျိုးလည်း ရှိသင့်တယ်လို့ ထင်မိတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ရည်ရွယ်ချက်တွေတူကြပေမယ့် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေကြား သဘောထား မညီညွတ်တာ၊ ဆက်ဆံရေး မသင့်မြတ်တာမျိုးတွေရှိကြတယ်။ တော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုနေတဲ့ NUG ကိုယ်တိုင်လည်း ဒီကွာဟမှုတွေကို ရင်ကြားမစေ့နိုင်သေးဘူး။

မြေပြင်ကတချို့အဖွဲ့တွေမှာလည်း ဒီလိုသဘောထားမျိုးတွေရှိနေကြတာ တွေ့ရတယ်။ စစ်ကောင်စီတိုက်လေယာဉ် ပျက်ကျတာနဲ့ပတ်သက်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့တစ်ခုရဲ့ ဦးဆောင်သူတစ်ဦးက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကိုလည်းမသိဘူး၊ စကားလည်း မပြောဖူးဘူးလို့ ပြောတာကိုကြည့်ပြီး တော်လှန်ရေး တပ်ဖွဲ့ အချင်းချင်းကြား ဆက်ဆံရေးအခြေအနေတစ်ရပ်ကို ခန့်မှန်းလို့ရတယ်။

ဆိုရှယ်မီဒီယာပေါ်မှာသာ ဝေဖန်ထိုးနှက်တာတွေရှိသော်လည်း မြေပြင်မှာ ဒီလောက်တော့ မဟုတ်ပါဘူးလို့ဆိုပေမယ့် အမှိုက်ကအစ ပြသာဒ်မီးလောင်တာမျိုး၊ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်ဆိုတာမျိုးဖြစ်လာနိုင်တဲ့အတွက် အချင်းချင်းကြား မပြေလည်မှုတွေဟာ ဘယ်လိုအကြောင်းကြောင်းမှ မရှိသင့်ဘူးလို့ မြင်မိတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေကြား မပြေလည်မှုတွေ၊ အချင်းချင်း ကြားက အတွင်းပဋိပက္ခတွေ ရှိနေတာဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက် ကောင်းမွန်တဲ့လဏ္ခာလည်း မဟုတ်တာ ကြောင့် ဒါတွေကို ပြေလည်နိုင်အောင် ကြိုးစားသင့်တယ်။

စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးမှာ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့တွေကြား လက်တွဲလုပ်နိုင်ဖို့သာ အားထုတ်သင့်တယ်၊ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ အောင်မြင်မှု၊ ကြိုးစားအားထုတ်မှုတွေကို တော်လှန်ရေးတပ်ဦးကို ဦးဆောင်နေသူတွေက အသိအမှတ်ပြုရမယ်၊ အားပေးကြိုဆိုသင့်တယ်။

ဒီလိုအောင်မြင်မှုတွေကို ခွန်အားတစ်ခုအဖြစ် အသုံးချပြီး တော်လှန်ရေးကို ရှေ့ဆက်သင့်တယ်ဆိုတာ မြေပြင်က ရဲဘော်တွေရော အဝေးက ဦးဆောင်မှုပေးနေကြတဲ့ ခေါင်းဆောင်တွေပါ နှလုံးသွင်းထားရမယ်။

Leave a Comment

3 comments

ia manus July 16, 2025 - 6:56 am

Great insights! For those leveraging AI in marketing, checking out AI Email Marketing tools can really boost efficiency and strategy.

Reply
tg77 August 9, 2025 - 4:57 pm

Scratch cards always feel like a little burst of optimism, don’t they? Quick & easy fun! I saw tg77 casino offers similar instant-win vibes with their games, plus easy mobile access – sounds perfect for a fast break! 😄

Reply
ph978casino August 15, 2025 - 8:03 am

It’s fascinating how gambling platforms like ph978 casino link are shifting focus – less ‘luck,’ more strategic thinking. The idea of it as an “arena” really resonates; discipline is key, right? It’s about calculated risks, not just spins.

Reply

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing