မဏ္ဍိုင်၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၄ ။
နိုင်ငံတဝှမ်းမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေရဲ့နေထိုင်ရေးဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေပါတယ်။
လာရောက်ခိုလှုံကြတဲ့ စစ်ရှောင်တွေများပြားလာတာကြောင့် ရန်ကုန်အိမ်အဌားဈေးကွက်မှာလည်း စျေးနူန်းတွေ အဆမတန် မြင့်တက်လာပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံစတဲ့ဆင်ခြေဖုံးရပ်ကွက်တွေမှာတောင် ဝါးထရံကျိုးတို့ကျဲ တဲ့နဲ့ အဖြစ်ဆောက်ထားတဲ့ ၁၀ ပေပတ်လည်ရှိတဲ့ တဲတစ်လုံးကို ယခင်က တစ်သောင်းလောက်ပေးရတဲ့အခန်းက ယခု တစ်လကို ၇ သောင်းခွဲပေးနေရတာပါ။
ရေ၊ မီးမပါတဲ့အပြင် တချို့အဆောင်တွေမှာ မိသားစုဦးရေအကန့်အသတ်နဲ့ ဌားရမ်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့လို အခန်းသေးသေးလေးကလည်း ဌားချင်တိုင်းဌားလို့ ရတာတော့ မဟုတ်ပါဘူး။ ဒီအခန်းလေးတွေဟာ စပေါ်ငွေလည်း မပေးရသလို လခလည်း တစ်လခြင်းပေးရတဲ့အတွက် ဌားရမ်းနေထိုင်လိုသူများပါတယ်။
ဒီအတွက်လည်း စစ်ရှောင်တွေဟာ ရွေးချယ်စရာ ခပ်များများမရှိတော့ဘဲ မိမိတတ်နိုင်တဲ့ ငွေကြေးနဲ့ အဆင်ပြေအောင်သာ အခန်းကျဉ်းတွေမှာ ဌားရမ်းနေထိုင်ကြရပါတယ်။
ဒါကြောင့် နားခိုစရာလိုအပ်နေတဲ့ စစ်ရှောင်တွေရဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး မဏ္ဍိုင်သတင်းဌာနက ဆက်သွယ် မေးမြန်းထား ချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့မှ စစ်ရှောင်လာသူ ဒေါ်ပါလု
“ဒီလိုသေးသေးကွေးကွေး မလုံမခြုံရှိတဲ့အခန်းလေးထဲ ဘယ်နေချင်ပါ့မလဲ။ ဒါပေမဲ့ ကိုယ့်ဝင်ငွေနဲ့ အလုပ်နဲ့အဆင်ပြေမယ့် နေရာရွေးပြီး နေရတာပဲလေ။ ကျမတို့က အာဏာသိမ်းပြီး ၆ လလောက်အကြာမှာ ရန်ကုန်ကိုစစ်ရှောင်လာတာပေါ့။
အဲဒီတုန်းက မိသားစုအဆောင်တစ်ခန်းကို ငါးသောင်းပဲရှိသေးတာ။ ရေ၊ မီးနဲ့ ဆိုရင် ၇ သောင်းလောက်တော့ကုန်တယ်။ စားသောက်စရိတ်နဲ့ဆို တသိန်းခွဲ၊ နှစ်သိန်းနီးပါးကုန်ကျစရိတ်ရှိတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီး ၂ နှစ်လောက်ကြာတော့ ကုန်ဈေးနှုန်းက တအားထိုးတက်တာ။ အခုဆိုကန်စွန်းရွက် တစ်စည်း တစ်ထောင်လေ။ အဆောင်ခဆိုရင် တစ်လတစ်ခါ ဈေးတက်နေလားတောင် မသိဘူး။ လကုန်ပြီဆိုတာနဲ့ ဈေးတက်ပြီနော်လို့ ပြောမှာစိုးနေရတယ်။
အန်တီတို့လည်း တခြားဝင်ငွေရအောင် သီးနှံလေးတွေ၊ ဟင်းချက်စရာလေးတွေ ရောင်းကြည့်တော့လည်း အရင်း ရှုံးတာများတယ်။ အဆင်မပြေဘူး။ ထမင်းချက်ရောင်းတော့လည်း မီတာခကတက်လို့ အဆင်မပြေ၊ မီးသွေးကလည်း ဈေးကြီးတယ်။ ဂတ်စ်ဆို ပိုဆိုးတာပေါ့။ ဒီနေရာက အကြွေးနဲ့ရောင်းမှ ရောင်းရတာ။
အစကတော့ တွေးထားတာ အလုပ်လေးတွေ အဆင်ပြေရင် ဒီထက်ကောင်းတဲ့နေရာမှာပြောင်းနေမယ်ပေါ့။ အခုနေတဲ့ နေရာက ရေမကောင်းတော့ သောက်ရေအပြင် သုံးရေပါ ဝယ်ရတယ်။ အခန်းကတော့ ၁၀ ပေ ပတ်လည်ရှိတယ်။ မိသားစု လေးယောက်အတူနေတာပေါ့။ အခန်းက ဖိုက်ဘာပြားတွေကာ ထားတယ်။
သွပ်မိုးဆိုတော့ နေပူရင် အသေပူတာ။ မိုးရွာလည်း မိုးယိုတယ်။ တခါတလေ ရေတက်ရင် အိမ်ထဲကို မြောင်းထဲက ရေတွေဝင်တယ်။ အေးပြီဆိုလည်း ခိုက်နေအောင် အေးတာ။ နောက် အိမ်တွေအဆောင်တွေက ကပ်နေတာဆိုတော့ မီးဘေးကလည်း စိုးရိမ်ရသေးတယ်။ အိမ်သာဆိုလည်း လူပေါင်းစုံဆိုတော့ တအားညစ်ပတ်တယ်။ အိမ်လခသာ တိုးတောင်းနေတာ ပြင်ဆင်တာကျတော့ ဘာမှ လုပ်မပေးဘူး။”
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ စစ်ရှောင်လာသူ ဒေါ်သိဂီစန်း
“ကျမတို့က စစ်ရှောင်လာသူတွေဆိုတော့ ငွေလည်းသိပ်အများကြီးမပါတော့ လူငါးယောက်နေဖို့တိုက်ခန်းကို အတော်ရှာလိုက်ရတယ်။ ရုတ်တရက်ရွှေ့လာတာဆိုတော့ ရန်ကုန်မှာလည်း အသိမရှိဘူး။ အဲ့ဒါနဲ့ ကျမတို့တွေ ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ အခက်အခဲပြောပြပြီး နေခွင့်တောင်းတာပေါ့။ တစ်ရက်၊ နှစ်ရက်လောက်ပဲနေမှာဆိုတော့ ဘုန်းကြီးကခွင့်ပြုတယ်။
ဒါပေမဲ့ ဘုန်းကြီးကျောင်းလည်း ဧည့်စာရင်းတိုင်ရတယ်တဲ့။ သွားတိုင်တော့ ရခိုင်ကဆိုတော့ အရစ်ခံရပါရော။ ကျမတို့မှာ သားသုံးယောက်နဲ့ ကျမတို့လင်မယားနှစ်ယောက်ဆိုတော့ ငါးယောက်ပေါ့။ အဲ့ဒါ သားတွေကိုလည်း စစ်မှုထမ်း ဥပဒေမှာ အကျုံးဝင်တယ်ဘာညာနဲ့လည်း ခြိမ်းခြောက်တယ်။ အဲ့မှာဘုန်းကြီးကျောင်းက လိုက်လာပေးတဲ့သူက ကျမတို့ကို အပြင် ခေါ်လာပြီး ငွေပေးလိုက်တာကောင်းမယ်။ မဟုတ်ရင် နေစရာမရှိဘဲနေလိမ့်မယ်တဲ့။ ဘယ်လောက်ပေးရမလဲဆိုတော့ နှစ်သောင်းတဲ့။ ကျမလည်း မြန်မြန်ပြီးစေချင်တာနဲ့ ပေးလိုက်တယ်။
နောက်နေ့ကျ ညက ဖေ့ဘွတ်မှာရှာထားတဲ့အိမ်ပွဲစားဆီသွားကြတယ်။ အိမ်တွေရှာတာ ဟိုနား၊ ဒီနားနေရာစုံပဲ။ တချို့က အထပ်အရမ်း မြင့်တယ်။ လိုချင်တဲ့တိုက်ခန်းကျတော့ ငွေက မလိုက်နိုင်ဘူး။ အဲ့လိုနဲ့ နောက်တရက်ကူးသွားတယ်။ နောက်ဆုံး ဒါဘာ အခန်းတစ်ခုဌားလိုက်တယ်။
ဒါဘာ အခန်းဆိုတာ တိုက်ခန်းအပေါ်ဆုံးမှာ အပိုထပ်ထည့်ထားတဲ့အခန်းသေးလေးတခန်းပေါ့။ အဲ့မှာ အခန်းနှစ်ခုဖွဲ့ထား သလို အလယ်မှာကန့်ထားတာပါတယ်။ ရှေ့မှာလည်း အဝတ်လှန်းလို့ အဆင်ပြေတယ်။ နေရာကျယ်လေးတစ်ခုရှိတယ်ပေါ့။ အခန်းကတော့ ၁၅ ပေ ၂၀ ရှိတယ်။ ရေ၊ မီးလည်းပါတယ်။
အဆောင်လိုနေရတာမဟုတ်တဲ့အတွက် နယ်ကလာတဲ့သူတွေအတွက် အဆင်ပြေတာပေါ့။ အဲ့အခန်းကို စာချုပ် ချုပ်မယ် ဆိုတော့ ပွဲစားခက တစ်လစာ ပေးရမယ်တဲ့။ အခန်းကတော့ တနှစ်ချုပ်နဲ့ တစ်လကို သုံးသိန်းတဲ့။ အဲ့မှာ ကျမတွက် လိုက်တော့ သိန်း ၄၀ နီးပါးဆိုတော့ လန့်သွားတယ်။ ၆ လချုပ် လို့မရဘူးလားဆိုတော့ စပေါ်သိန်း ၂၀ ပေးထားရင် ရတယ် တဲ့။ မထူးဘူးလေနော်။ အဲ့တော့မှ တခြားသူတွေပြောတာမှန်တယ်ပေါ့။ ကျမတို့ ရန်ကုန်မလာခင်က အမျိုးတွေက ရန်ကုန်က စရိတ်ကြီးတယ်။ မသွားနဲ့လို့ပြောတယ်။ မယုံခဲ့ဘူး။
အဲ့မှာကျမတို့ကလည်း စစ်ရှောင်တွေမို့ကူညီပါ။ ဘာညာနဲ့ပြောရတာပေါ့။ အဲတော့ ၆ လချုပ်ပေးမယ်ဆိုပြီး ပြောင်း သွားတယ်။ အဲ့မှာ ၆ လနေခဲ့တာပေါ့။ နောက်ပိုင်း ဆက်မနေနိုင်တော့ သားကြီးအလုပ်ကပေးတဲ့ ပတ္တမြားမြို့သစ်ဘက်က အဆောင်မှာသွားနေရတယ်။
ရန်ကုန်မြို့ကြီးက ကြီးကျယ်ခမ်းနားပါတယ်။ ဒါပေမဲ့ ကျောတခင်းစာအတွက်တော့ အင်မတန် ခက်ခဲတယ်။ ကျမတို့ လမ်းသွားရင် ဈေးသွားရင် တွေ့နေရတယ်။
တချို့ဆိုက်ကားသမားတွေဆို ဆိုက်ကားပေါ်မှာ အိပ်ကြတယ်။ တချို့လည်း လမ်းဘေးမှာ မှတ်တိုင်တွေမှာ အိပ်တာတွေ တွေ့နေရတယ်။ စီးပွားရေးကျပ်တည်းနဲ့ စစ်ရှောင်သူတွေများလာတော့ ရန်ကုန်လည်း ကျောတခင်းစာအတွက် မလုံလောက်တော့ဘူးလေ။”
5 comments
Swertewin, righto! Let’s see if we can swerte (win) some dosh! Bring on the good times, I say! swertewin
playpal77 https://www.playpal77sy.org
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.info/en-ZA/register?ref=B4EPR6J0
phl789 https://www.nphl789.net
[6618]377jili – 377jili app login and register. visit: 377jili login