မဏ္ဍိုင်၊ မေ ၁၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းကို မေလ ၁၂ ရက် မနက်ပိုင်း ၉ နာရီခွဲ အချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲမှုကြောင့် ဆရာ ၊ ဆရာမ ၂ ဦး အပါအဝင် အတန်းတင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီသည် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ မင်္ဂလာဆောင်အခမ်းအနား၊ လမ်းတံတားဖွင့်ပွဲနှင့် လူပေါင်းရာချီ သေဆုံးခဲ့ရသည့် ပဇီကြီးရွာအုပ်ချုပ်ရေးရုံးဖွင့်ပွဲကဲ့သို့သော အခမ်းအနားပွဲများကို မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။
ဥာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၄ ဒီဇင်ဘာလအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၄,၁၅၇ ခုရှိခဲ့ပြီး အရပ်သားပြည်သူ ၂,၂၂၄ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရ ရှိသူ စုစုပေါင်း ၃,၄၆၆ ဦးရှိခဲ့သည်။ လေကြောင်းအသုံးပြုတိုက်ခိုက်မှုသည် တနှစ်ထက်တစ်နှစ် ပိုမိုမြင့်တက် လာသည်ဟု ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ဆိုထားသည်။
ထို့ကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၂ ခုနှစ်တွင် Project Dragon Fly ဆိုသည့် ရန်ပုံငွေရှာဖွေရေးစီမံချက် တစ်ခုပြုလုပ်ခဲ့ပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းရရှိခဲ့သည်။
၂၀၂၂ အောက်တိုဘာ ၇ ရက်တွင်ပြုလုပ်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်သည် NUG အနေဖြင့် လေယာဉ်ပစ်သေနတ်မဟုတ်သည့်တိုင် ရဟတ်ယာဉ်ပစ်ချနိုင်သည့် လက်နက်ပိုင်ဆိုင်ထားကြောင်း အရိပ်အမြွတ်ပြောကြားခဲ့သည်။
အဆိုပါ ရန်ပုံငွေများထဲမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အသုံးပြုပြီး ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၈ သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးကဏ္ဍအတွက် အသုံးပြုရန်လျာထားခဲ့သည်ဟု NUG အစိုးရက ၂၀၂၃ ခုနှစ်မတ်လတွင် ထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဧပြီ ၂၂ ရက်တွင် မဇ္ဈိမသတင်းဌာနနှင့် NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ အင်တာဗျူးရာတွင် NUG အစိုးရအနေဖြင့် လေယာဉ်ပစ်သေနတ်ကို ပိုင်ဆိုင်ထားပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေယာဉ်မှာ တစ်နိုင်ငံလုံးလှည့်ပတ်ပျံသန်းနေခြင်းကြောင့် လက်နက်ကို တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းရန်မှာ မဖြစ်နိုင်သည့်သဘောမျိုးဖြေကြားသွားခဲ့သည်။
NUG တွင် လေယာဉ်ပစ်လက်နက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်း၏ဖြေကြားမှုသည် အကျိုးအကြောင်း ညီညွတ်မှုမရှိဟု ကျွန်ုပ်တို့မဏ္ဍိုင်က မှတ်ယူသည်။ ဆင်ခြေသက်သက်မျှသာဖြစ်သည့် ယင်းသို့သော ပြောဆို တွေးခေါ်မှုမျိုးကို ဆက်ပြီး မပြုလုပ်ရန်လည်း တိုက်တွန်းလိုသည်။
အကြောင်းမှာ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုသည် ယခုမှ ပြုလုပ်ခြင်းမဟုတ်၊ မည်သည့်နေရာသည် တိုက်ခိုက်ခံရမှု အများဆုံးနှင့် အသေအပျောက်အများဆုံးဆိုသော ကိန်းဂဏန်းများရှိထားပြီးဖြစ်ရာ မည်သို့ စီမံခန့်ခွဲရမည်ကို အစိုးရတစ်ရပ်အနေဖြင့် ဆုံးဖြတ်နိုင်ရမည်ဖြစ်သည်။
NUG သည် ၂၀၂၅ နှစ်ဆန်းပိုင်းမှစတင်၍ မြေပြန့်မဟာဗျူဟာထိုးစစ်၊ အထွေထွေမဟာဗျူဟာထိုးစစ်များ ပြုလုပ်တော့မည်၊ စစ်ကိုင်းတိုင်း၌ ဇန်နဝါရီလအတွင်း အစိုးရရုံးများအခြေစိုက်တော့မည်ဟု ကြွေးကြော် ထားသည်။ ယင်းနောက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။
ယင်းသို့ လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာရာ၌ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ် အပြင် စက်တပ်လေထီးများပါ အသုံးပြုလာခဲ့သည်။
သို့သော် တိုင်းရင်းသားလက်နက်အဖွဲ့များမှလွဲ၍ လေယာဉ်ပစ်လက်နက်ရှိထားပြီးဖြစ်သည်ဟုပြောကြားခဲ့သည့် NUG သည် ၂၀၂၂ ခုနှစ်မှ ယနေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို တုန့်ပြန်နိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းပင် မပြုလုပ်နိုင်သည်ကို တွေ့ရ သည်။
NUG ၏ ၄ နှစ်ပြည့်အစီအရင်ခံစာ၌မှု NUG အစိုးရအနေဖြင့် လက်ရှိအချိန်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၁၆ ရင်း အပါအဝင် ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ စုစုပေါင်း ၃၅၆ ဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီး ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မြို့နယ် ၂၃၅ မြို့နယ်တွင် အတည်ပြုဖွဲ့စည်းပြီးဖြစ်ကာ မြို့နယ် ၁၁ မြို့နယ်တွင် တိုးချဲ့ဖွဲ့စည်းလျက်ရှိသည်ဟု ဖော်ပြခဲ့သည်။
ယင်းသို့သော စစ်အာဏာရှင်တော်လှန်ရေးဖြစ်ထွန်းတိုးတက်မှုများအတွက် ကျွန်ုပ်တို့မဏ္ဍိုင်သတင်းဌာနက အထူးပင်ဝမ်းမြောက်ပါသည်။ သို့သော် NUG အခြေစိုက်မည်ဆိုသော အညာဒေသရှိ ပြည်သူများ ရင်ဆိုင်နေရ သည့် လေကြောင်းအန္တရာယ်ကို NUG အနေဖြင့် ထိရောက်စွာ မလုပ်ဆောင်နိုင်ခြင်း၊ အရေးတယူမပြုနိုင်ခြင်း အတွက်ကိုတော့ ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက အထူးပင်ဝမ်းနည်းရပါသည်။
အညာပြည်သူများရင်ဆိုင်နေရသည့် လေကြောင်းအန္တရာယ်သည် လေလုံးများ၊ ကြွားလုံးများ၊ ကိန်းဂဏိန်းများ ထုတ်ပြရုံဖြင့် ကာကွယ်၍ မရနိုင်။ ဟိုလူ့ လက်ညိုးထိုး၊ သည်လူ့လက်ညိုးထိုးခြင်းဖြင့် တာဝန်လွှဲခေါင်းရှောင်နေ ၍လည်း ပြဿနာသည် ပြေလည်သွားမည်မဟုတ်။
အရေးကြီးသည်က အမှန်တရားကိုလက်ခံပြီး လေကြောင်းအန္တရာယ်ကို လက်တွေ့ကျကျ ကာကွယ်နိုင်မည့် နည်းလမ်းများကို မြေပြင်ရှိတော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့်အတူ ပွင့်လင်းရိုးသားစွာ ပူးပေါင်း ဖြေရှင်းမှသာလျှင် ပြည်သူများ ရင်ဆိုင်နေရသည့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်သည် အထိုက်လျှောက် လျော့ချနိုင်မည်ဖြစ်သည်ဟု ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက ယုံကြည်သည်။
5 comments
Your article helped me a lot, is there any more related content? Thanks!
Yo, 55lllogin just got on my radar. Seems alright so far. Easy to navigate the site, and the bonuses are pretty tempting. Hope it’s not a scam LOL. I’ll update after I tested more. Check out 55lllogin for yourselves.
Alright, let’s talk xwinner. New spot to try your luck? I’m always on the hunt for the next big thing. Wish me luck guys! xwinner
Hey gamers, any thoughts on 9betgames? The interface looks great, but I’m curious about the gameplay and community and all that . Check it out 9betgames.
Anyone had luck with the jili188 casino login process? I’m having a little trouble. Or, what’s the overall experience been like? Login at jili188 casino login.