အသက် ၈၀ အရွယ် အမေအိုကို ကြောက်နေကြတဲ့ စစ်တပ်

မဏ္ဍိုင်၊ ဇွန် ၁၉၊ ၂၀၂၅။

စစ်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ မြန်မာစစ်တပ်ကြီးက အသက် ၈၀ အရွယ် အမေအိုကြီးတစ်ယောက်ကို ကြောက်နေရတဲ့အဖြစ်ကတော့ သမိုင်းတွင်ရစ်ပြီ။ ကြောက်ချက်က ဗိုလ်ချုပ်မှူးကြီး ၂ ဆက်၊ လက်ဆင့်ကမ်း တာဝန်ကျေတဲ့ ကြောက်ချက်ပဲလို့ ဆိုရမယ်။

ဒုံးပျံလည်း မရှိ၊ နူကလီးယားလည်းမရှိ၊ နေစရာ အိမ်တောင် မပိုင်တဲ့ လက်ဗလာအမျိုးသမီးကြီးကို ကြောက်နေကြရတဲ့အဖြစ်။ မြန်မာစစ်တပ်သမိုင်းမှာ ဒီအမေအိုကြီးကို မင်းတို့ ကြောက်ခဲ့ရတာ နှစ်ပေါင်း ၃၀ ကျော်ပဲ။ မင်းတို့ ကြောက်ခဲ့ကြတာ နဝတ၊ နအဖ၊ စကစ အဆက်ဆက်ပဲ။

မင်းတို့တပ်မတော်သမိုင်းမှာ ဘာတိုက်ပွဲတွေ၊ ညာတိုက်ပွဲတွေ၊ ဘာအောင်မြင်မှုတွေဆိုပြီး သမိုင်းမော်ကွန်းတွေ ထိုးမနေကြနဲ့ ဒီအသက် ၈၀ အရွယ် အဖွားအို၊ အမေအိုကို ကြောက်နေရတာနဲ့တင် မင်းတို့တပ်မတော်သမိုင်းက နိဂုံးချုပ်နေပြီ။

ကိုယ့်ကိုယ်ကို မြင့်မိုရ်တောင်အထင်နဲ့ ဝင်ယှဉ်ကြတာ မင်းတို့ဟာ ဆိတ်ချေးက ဆိတ်ချေးပဲ။ မဟုတ်တရုတ် ရှင်ဘုရင် လုပ်ချင်တော့ အမျိုးသမီးကြီးကို ထောင်သွင်းအကျဉ်းချလိုက်၊ နေအိမ်အကျယ်ချုပ်လုပ်လိုက်၊ ပြန်လွှတ်ပေးလိုက်၊ လုပ်ကြံဖို့ ကြိုးစားလိုက် မင်းတို့ မြန်မာစစ်တပ်သမိုင်းကြီးက ရှုတ်ယှက်ခတ်နေတဲ့ ရုပ်ပျက်တဲ့ သမိုင်းကြီးပါ။

အမျိုးသမီးတစ်ယောက် နေအိမ်အပြင် ထွက်မှာလည်းကြောက်ရ၊ ဟိုစကား၊ ဒီစကားပြောမှာလည်းကြောက်ရ။ ဟိုသွား၊ ဒီသွား လုပ်မှာလည်းကြောက်၊ ကားစီးမှာလည်း ကြောက်၊ ရထားစီးမှာလည်း ကြောက်၊ သင်္ဘောစီးတော့လည်း ကြောက်၊ မင်းတို့က အမျိုးသမီးတစ်ယောက်ကို နည်းမျိုးစုံနဲ့ကို ကြောက်ခဲ့ရတဲ့ စစ်တပ်။ သတ္တိရှိလို့ ပြုံးပြုံးကြီး ရင်ကော့ပေးတာတောင် သေနတ်မောင်းမဆွဲရဲတဲ့ မင်းတို့ စစ်တပ်။ အမျိုးသမီးတစ်ယောက်ကို မီးရထား မစီးစေချင်တာများ ရထားတွဲကြီးဖြုတ်ထားခဲ့ရတယ်လို့ မင်းတို့မို့ မရှက်တဲ့ လုပ်ရပ်။ မင်းတို့ ညစ်ပတ်ခဲ့သမျှကတော့ အထပ်ထပ်ပါပဲ။

စစ်ခေါင်းဆောင် သန်းရွှေဟာ ကြောက်နည်းလမ်းတွေ မျိုးစုံလေတော့ အလိမ်အညာစာအုပ်စိမ်းကို အတင်းထိုးထည့်ပြီး ကြောက်ဇာတ်လမ်းကို တစ်ခန်းရပ်ခဲ့တယ်။ ဒါပေမဲ့ မင်းတို့ စစ်တပ်ကြောက်ဇာတ်က အခန်းဆက်။

ကိုယ်ရည်ကိုယ်သွေးလည်း မရှိ၊ မရှိမှန်းလည်း မသိ၊ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကိုင်ချင်တဲ့ အာဏာရူး မင်းအောင်လှိုင်က ဗိုလ်ရူး ရူးလို့မဝလို့ သမ္မတရူးပါ ထလုပ်တော့ တိုင်းပြည်ငါးပါးမှောက်ခဲ့ရတယ်။ တိုင်းပြည် ပြာကျခဲ့ရတယ်။

အပေါင်းအပါ အခြံအရံတွေ ဝန်းရံနေတဲ့ မင်းတောင် ငလျင်လှုပ်ချိန် ကြောက်လန့်တကြား ခုံအောက်ဝင်ပုန်းသေး တာမှတ်လား။ တစ်ကိုယ်ရည်တည်းနေရတဲ့ အရွယ်အိုအို အမေအိုကြီး ဘယ်လောက်များ စိုးရိမ်စိတ်တွေဝင် လိမ့်မလဲ၊ ကြောက်စိတ်တွေ ဖြစ်နေမလဲ။ မင်းတို့တွေ ကိုယ်ချင်းစာနိုင်မယ် မထင်ဘူး။ ညှာတာထောက်ထားစိတ် ဖြစ်မှာ မဟုတ်ဘူး။ မင်းတို့တွေက ကိုယ့်အတွက်ကိုပဲ ပူပန်တတ်တယ်။ ကိုယ့်ထိမှ နာတတ်ကြတာ။

အခုဆိုရင် မင်းတို့စစ်တပ်ကြီး ကြောက်လန့်နေတဲ့ အမေအိုကြီးကတော့ နေကောင်းကျန်းမာဆဲပဲ။ မင်းတို့အတွက် ကြောက်လန့်စရာ ခြောက်လန့်နေဆဲပဲ။ အခုဆို အသက် ၈၀ တောင် ပြည့်ခဲ့ပြီ။ အသက်ရှင်နေတာကကို တော်လှန်ရေးဆိုတာ ဒီအမေအိုကြီးက ပြတဲ့တရားပဲ။

ဒီအမေအိုကြီး အသက်ရှည်ကျန်းမာဖို့ ပြည်သူအပေါင်းကလည်း ဆုတောင်းပေးနေကြတယ်။ အခုဆိုရင် ပို့သတဲ့မေတ္တာအပေါင်းက ကမ္ဘာ့ဂရင်းနစ်စံချိန်မီပဲ။ မင်းတို့စစ်အာဏာရူးတွေ ဆက်ပြီး ကြောက်ကြဦးပေါ့။ ကြောက်ရူး၊ ရူးကြဦးပေါ့။ မင်းတို့ကိုယ်မင်းတို့ သတ္တိရှိတယ်ဆိုရင် မင်းတို့ အကျဉ်းချထားတဲ့ အသက် ၈၀ အရွယ် အမေအိုကြီးကို လွှတ်ကြည့်လိုက်ပေါ့။

အဲဒီလိုမှ မဟုတ်ရင်တော့ မြန်မာ့သမိုင်းမှာ မင်းတို့ဟာ အသက် ၈၀ အရွယ်အမေအိုကြီးကို ကြောက်နေရတဲ့ စစ်တပ်အဖြစ်၊ စစ်ခေါင်းဆောင်တွေအဖြစ် သမိုင်းမော်ကွန်းတွင်ရစ်စေသတည်းပဲ။

Leave a Comment

4 comments

14vipganer December 22, 2025 - 10:37 pm

Okay, 14vipganer… a bit sus with the name, ngl! But I tried it out. Pretty standard stuff. Could be better but also could def be worse. 14vipganer

Reply
bigbet88vn January 16, 2026 - 4:54 am

Bigbet88vn, eh? Gave it a whirl the other day. It’s alright, got a decent selection of games. Could use a bit of sprucing up, maybe, but hey, it works. Check it out and see what you think: bigbet88vn

Reply
009bet January 16, 2026 - 4:54 am

009bet, nice and clean. Let’s see if these odds are as good as the website design. Gonna place a few bets and hope for the best! 009bet

Reply
009betvip January 16, 2026 - 4:54 am

Just tried out 009betvip – not gonna lie, pretty slick site! Easy to navigate and had a good time. Check ’em out! 009betvip

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing