Mandaing Podcast

Newsletter

Mandaing Podcast

စက်တင်ဘာ ၁၂၊ ၂၀၂၄။

မဂ်လာပါခင်ဗျာ။ ကျနော်တို့ မဏ္ဍိုင်သတင်းဌာနရဲ့ ပေါ့ကတ်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ မဏ္ဍိုင်သတင်း ဌာနရဲ့ ဒီတစ်ပတ်ပေါ့ကတ်အစီအစဉ်မှာတော့ တစ်ပတ်တာအတွင်း ပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့ သတင်းတွေထဲက စာဖတ်ပရိတ်သတ်တွေ သိထားသင့်တဲ့ သတင်းငါးပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

ဒီအပတ်မှာ မဏ္ဍိုင်တစ်ပတ်တာသတင်းလွှာ ကဏ္ဍအတွက် သိသင့်တဲ့ သတင်းတွေကတော့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ဆင်ထိန်းနဲ့ဆင်ကောင်ရေ ၁၃၈ကောင်ကို PLA စောင့်ရှောက်ထားဆိုတဲ့သတင်း ၊ စစ်ကောင်စီရဲ့ ဆေးဝါးတင်သွင်းခွင့် မူဝါဒ အပြောင်းအလဲကြောင့် ပြည်တွင်းမှာ ဆေးဝါးတွေပြတ်လပ်ဆိုတဲ့သတင်း ၊ နိုင်ငံအနှံ့ စစ်အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီ ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ ဆိုတဲ့သတင်း ၊ လျှပ်စစ်မီတာခတွေ နှစ်ဆတိုး ကောက်တာကြောင့် ကုန်စျေးနူန်းတွေ ကြီးမြင့်လာဆိုတဲ့သတင်းနဲ့ စစ်ကောင်စီက လက်လွှတ်ထားရတဲ့ နယ်မြေ တွေကို ဆက်တိုက်ဗုံးကြဲစတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။