Video

ရေကြီးမှုနှင့် မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ဆက်လက်တိုးမြင့်လာ

ရေကြီးမှုနှင့် မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ဆက်လက်တိုးမြင့်လာနေပါတယ်။

တိုင်ဖွန်း ရာဂီအကြွင်းအကျန်ဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၉ ရက်က ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း နှစ်သိန်းကျော် ထိခိုက်ခဲ့ရပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းမြိုနယ်မှာ မြေပြိုကျမှုကြောင့် နေအိမ်အလုံးပေါင်း ရာနဲ့ချီပျက်စီးခဲ့ပြီး သေဆုံးသူ အလောင်းအနည်းဆုံး ၁၀၀ နီးပါး ဆယ်ယူရရှိခဲ့ပါတယ်။

စစ်တောင်းမြစ်ရေကြောင့် ပဲခူးတိုင်းမှာ ရေကြီးမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ကူညီကယ်ဆယ်ရေးလုပ်ရင်း သေဆုံးသူ အမျိုးသား ၃ ဦးအထိရှိလာနေပါတယ်။

တိုင်ဖွန်းရာဂီကြောင့် နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀)ရှိတယ်လို ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို အခက်အခဲတွေရှိနေပေမဲ့ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လိုလည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး UNOCHA က ပြောထားပါတယ်။

စစ်ကောင်စီကတော့ စက်တင်ဘာ ၁၉ ရက်နေ့အထိ ရေဘေးကြောင့် သေဆုံးသူ ၂၉၃ ဦးရှိနေပြီး ၈၉ ဦးပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts
PodcastVideo

Mandaing Podcast

NewsletterMandaing Podcastမဏ္ဍိုင် – စက်တင်ဘာ ၁၈…
Read more
PodcastVideo

Mandaing Podcast

NewsletterMandaing Podcastစက်တင်ဘာ ၁၂၊ ၂၀၂၄။…
Read more
Audio FeaturePodcastVideo

အိမ်ခေါင်မိုးပေါ်မှာ သုံးရက်တာ (Audio Feature)

အိမ်ခေါင်မိုးပေါ်မှာ သုံးရက်တာ (Audio…
Read more
Newsletter
Become a Trendsetter
Sign up for Davenport’s Daily Digest and get the best of Davenport, tailored for you.

Leave a Reply

Your email address will not be published. Required fields are marked *