ရေကြီးမှုနှင့် မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ဆက်လက်တိုးမြင့်လာ

ရေကြီးမှုနှင့် မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ဆက်လက်တိုးမြင့်လာနေပါတယ်။

တိုင်ဖွန်း ရာဂီအကြွင်းအကျန်ဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၉ ရက်က ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း နှစ်သိန်းကျော် ထိခိုက်ခဲ့ရပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းမြိုနယ်မှာ မြေပြိုကျမှုကြောင့် နေအိမ်အလုံးပေါင်း ရာနဲ့ချီပျက်စီးခဲ့ပြီး သေဆုံးသူ အလောင်းအနည်းဆုံး ၁၀၀ နီးပါး ဆယ်ယူရရှိခဲ့ပါတယ်။

စစ်တောင်းမြစ်ရေကြောင့် ပဲခူးတိုင်းမှာ ရေကြီးမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ကူညီကယ်ဆယ်ရေးလုပ်ရင်း သေဆုံးသူ အမျိုးသား ၃ ဦးအထိရှိလာနေပါတယ်။

တိုင်ဖွန်းရာဂီကြောင့် နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခြောက်သိန်းကျော် (၆၃၁,၀၀၀)ရှိတယ်လို ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို အခက်အခဲတွေရှိနေပေမဲ့ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လိုလည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး UNOCHA က ပြောထားပါတယ်။

စစ်ကောင်စီကတော့ စက်တင်ဘာ ၁၉ ရက်နေ့အထိ ရေဘေးကြောင့် သေဆုံးသူ ၂၉၃ ဦးရှိနေပြီး ၈၉ ဦးပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Comment

7 comments

91betapp December 22, 2025 - 10:46 pm

Yo, 91betapp is legit! Had some good luck on there recently. Check it out 91betapp.

Reply
slotphlogin January 14, 2026 - 5:15 pm Reply
fb777 slot January 14, 2026 - 11:52 pm Reply
pagcor January 15, 2026 - 1:40 am Reply
bw77 January 25, 2026 - 2:16 am Reply
nustar January 25, 2026 - 1:16 pm Reply
registrarse en Binance February 1, 2026 - 7:16 am

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.info/it/register-person?ref=P9L9FQKY

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing