မဏ္ဍိုင်၊ အောက်တိုဘာ ၁၃၊ ၂၀၂၅ ။
မသီသီထွန်း*ဟာ သူနဲ့စကားပြောနေတဲ့ မိတ်ဆွေသားအမိနှစ်ယောက်ကို ရပ်ကွက်ဈေးဆိုင်က လိုက်ချီးသီးအရသာ အချိုရည်တစ်ဗူး ဝယ်တိုက်ပါတယ်။ သူကိုယ်တိုင်လည်း ပင်မွှားအရသာအချိုရည်တစ်ဗူး ဝယ်သောက်တယ်။ ဒီအချိုရည်ကို သူကိုယ်တိုင်လည်း ကြိုက်နှစ်သက်တာကြောင့် အိမ်က ရေခဲသေတ္တာထဲမှာတောင် ဝယ်ယူသိမ်းထားတာပါ။
သူ့မိတ်ဆွေသားအမိရွေးချယ်လိုက်တဲ့ အဖြူရောင် လိုက်ချီးသီးအချိုရည်ဟာ ပုံမှန်မဟုတ်ဘဲ အမြုံ့လေးတွေတက်နေပါတယ်။ အချိုရည်ဗူး ကောင်း မကောင်း မသီသီထွန်းကိုယ်တိုင် ဦးစွာမြည်းကြည့်လိုက်တယ်။ ပုံမှန်အရသာ မဟုတ်ပေမယ့် ဒီအမြုံ့ တွေဟာ ဂတ်စ်ပါတာကြောင့်ဖြစ်မယ်လို့ မှတ်ယူပြီး မိတ်ဆွေရဲ့ သမီးဖြစ်သူကို ပေးလိုက်ပါတယ်။
ညနေပိုင်းမှာတော့ မသီသီထွန်း မိတ်ဆွေရဲ့ သမီးဖြစ်သူဟာ ဝမ်းသွားလို့ ဆေးခန်းပို့လိုက်ရပါတော့တယ်။ ဝမ်းသွားရတဲ့ ဇစ်မြစ်ကို ဆန်းစစ်ကြည့်တဲ့အခါ နေ့ခင်းပိုင်းက သောက်ခဲ့တဲ့ အချိုရည်ကြောင့်ဆိုတာ မသီသီထွန်းရော သူ့မိတ်ဆွေပါ သိလိုက်ရပါတယ်။
“အချိုရည်ဘူးမှာ ရက်စွဲမပါဘူး။ ဒိတ်(Date)လွန်နေတာဖြစ်မယ်။” လို့ မသီသီထွန်းက မှတ်ချက်ပြုပါတယ်။
ဒီအချိုရည်ကြောင့် ဝမ်းသွားတာလို့ သိရတာနဲ့ သမီးရှင်တစ်ယောက်ဖြစ်တဲ့ မသီသီထွန်းဟာ အိမ်က ရေခဲသေတ္တာထဲမှာ ဝယ်ယူသိမ်းဆည်းထားတဲ့၊ တစ်ဗူး ၁,၀၀၀ ကျပ် ပေးရတဲ့ အထက်ပါ အချိုရည်ဘူးတွေကို အနီးပတ်ဝန်းကျင်က ကလေးတွေထံ ပြန်ရောင်းလိုက်တယ်လို့ သူက ဆိုပါတယ်။
သူဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကပါ။ သူနေထိုင်ရာရပ်ကွက်ထဲက ဈေးဆိုင်တွေမှာ တရုတ်မုန့်၊ ယိုးဒယားမုန့်၊ ပြည်တွင်းဖြစ်မုန့်နဲ့ ရပ်ကွက်ထဲ အိမ်တွင်းထုတ်လုပ်တဲ့ မုန့်တွေရောင်းချကြပါတယ်။ ဈေးနည်းတဲ့မုန့်တွေဟာ အရည်အသွေးညံ့ပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ဈေးအသင့်အတင့်ရှိတဲ့ မုန့်တွေကိုပဲ သတိထား ရွေးချယ်ဝယ်ယူနေတဲ့ကြားက အခုလို ဖြစ်သွားတာလို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်မုန့်တွေနဲ့ ရပ်ကွက်ထဲက ထုတ်လုပ်တဲ့ အိမ်တွင်း ထုတ်မုန့်တွေ ပိုမိုများပြားလာပြီး မုန့်တွေအများစုဟာ ကလေးတွေအတွက် အာဟာရ မဖြစ်သလို ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်နိုင်ခြေများတယ်လို့ အာဟာရပညာရှင်နဲ့ ကလေးမိဘတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ ကလေးတွေ စားနေရတဲ့မုန့်တွေ အဟာရရှိ မရှိဆိုတာကို မှီငြမ်းပြောဆိုဖို့ ကိန်းဂဏန်း အချက်အလက်တွေ မရှိပေမယ့် ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ “အလွန်စိုးရိမ်စရာကောင်းတဲ့အဆင့်မှာ ရှိနေတယ်” လို့ အဟာရ ပညာရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်လို ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဖြစ်စေတဲ့ဒေသထွက် မြန်မာ့ရိုးရာ မုန့်ကောင်းတွေရှိပေမယ့် ကျေးလက်ဒေသတွေမှာတောင် ကလေးတွေကို မြန်မာ့ရိုးရာမုန့်ကျွေးတဲ့ဓလေ့ဟာ တဖြည်းဖြည်း နည်းပါးလာတာကို တွေ့ရတယ်လို့ သူက ဆိုပါတယ်။
အခုအခါမှာ ဒေသထွက် သဘာဝအစားအစာတွေနေရာကို အာဟာရပြည့်စုံမှုမရှိ၊ အန္တရာယ်ဖြစ်စေတဲ့ အသင့်စားမုန့်တွေက ဈေးကွက်ထဲ အလွယ်တကူ အရှိန်အဟုန်နဲ့ အစားထိုးဝင်ရောက်နေခဲ့တာကြာခဲ့ပြီလို့ ဆိုပါတယ်။
“ ဘယ်နိုင်ငံက ဝင်လာမှန်း မသိ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်းစာရင်း မမှန်ကန်တဲ့ တန်ဖိုးနည်းမုန့်တွေဟာ ကျောင်းတွေရဲ့အနီးတဝိုက်မှာ ပလူပျံနေတယ်။” လို့ အဟာရပညာရှင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အစားအသောက်မဖူလုံမှုဟာ အရင်နှစ်တွေက လူဦးရေ ၁၃ သန်းလောက်ရှိနေရာက အခု ၂၀၂၅ မှာ လူဦးရေ ၁၅ သန်းအထိ မြင့်မားလာပါတယ်။ ဒီကိန်းဂဏန်းဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံကျော်ဟာ အစားအစာ ဝဝလင်းလင်း မစားရတဲ့သဘောပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံက ကလေးတွေဟာ အာဟာရ ပြည့်ဝတဲ့မုန့်တွေ မစားရတဲ့အပြင် ထမင်းနပ်မှန်အောင်စားရဖို့ကလည်း ခက်ခဲနေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပါ။
မြန်မာနိုင်ငံက ရပ်ကွက်၊ ကျေးရွာတွေက မုန့်ဆိုင်တွေမှာ တရုတ်မုန့်၊ ပြည်တွင်းဖြစ်မုန့်တွေအပြင် အိမ်တွင်းတစ်ပိုင်တနိုင် ထုတ်လုပ်တဲ့ မုန့်တွေ ပိုများလာနေတယ်လို့ ကလေးမိဘတွေနဲ့ ကလေးမုန့်တွေကို လက်လီလက်ကား ရောင်းချသူတွေက ဆိုပါတယ်။

မသီသီထွန်းရဲ့ သမီးတက်ရောက်တဲ့ ကျောင်းမုန့်ဈေးတန်းမှာဆိုရင် လေဖောင်းမုန့်တွေက အများဆုံးလို့ ဆိုပါတယ်။ ကလေးကစားစရာတွေထည့်ထားတဲ့ ကံစမ်းလို့ရတဲ့ မုန့်တွေ၊ တရုတ်မုန့်တွေဖြစ်တဲ့ စုပ်ပြား၊ နို့ခဲပြား၊ အာဖျန်း၊ အာပေါက်၊ အကင်ပြားနဲ့ အကင်ချောင်း စတဲ့မုန့်တွေလည်း ရှိကြပါတယ်။
အဲဒီမုန့်တွေထဲမှာမှ အိမ်တွင်းတစ်ပိုင်တစ်နိုင်ထုတ်လုပ်တဲ့ ကျွဲရိုင်းအရသာ ဂျယ်လီအချိုရည်ဗူးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေကြတယ်လို့ မသီသီထွန်းက ဆိုပါတယ်။
ကုန်အမှတ်တံဆိပ်၊ ထုတ်လုပ်တဲ့ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲနဲ့ ဘယ်အရာတွေနဲ့ ပြုလုပ်ထားတယ်ဆိုတဲ့ အချက်အလက်တွေ မပါတဲ့ အိမ်တွင်းတစ်ပိုင်တစ်နိုင်ထုတ်လုပ်ထားတဲ့မုန့်တွေဟာ “ တကယ်တမ်းကျ ကလေးတွေအတွက် စားဖို့ မကောင်းဘူး။” လို့ သူက မှတ်ချက်ပြုပါတယ်။
သူပြောပြတဲ့ အိမ်တွင်းဖြစ် ကျွဲရိုင်းအရသာ ဂျယ်လီအချိုရည်တွေဟာ ပင်မွှားအရသာ၊ လိုက်ချီးအရသာ၊ စတော်ဘယ်ရီ အရသာစသဖြင့် အရသာမျိုးစုံထုတ်လုပ်ထားတာပါ။ အချိုရည်ဗူးခွံမှာတော့ ကုန်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်တဲ့ရက်စွဲ ဘာမှဖော်ပြထားတာမရှိပါဘူး။ အကြည်ရောင် ပလတ်စတစ်ဗူးထဲကို အချိုရည်ထည့်ပြီး အပေါ်ကနေ အမည်းရောင် ပလက်စတစ်ကို စက်နဲ့ဖုံးပေးထားရုံသာဖြစ်ပါတယ်။
အထက်ပါအတိုင်း ပလက်စတစ်ဗူးထဲ ထည့်ရောင်းကြတာမျိုးရှိသလို Bubble Tea အလုံးတွေထည့်ပြီး ဆိုးဆေးနဲ့ ဖျော်ထားတဲ့ ဖျော်ရည်တွေကိုလည်း စာသင်ကျောင်းတွေရှေ့မှာ ပေါ်ပေါ်ထင်ထင်ရောင်းချနေကြတာလည်းရှိတယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ကလေးအမေ တစ်ယောက်ဖြစ်တဲ့ မအေးနွယ်* က ဆိုပါတယ်။
“ကိုယ်တွေကတော့ ရွံလို့ မစားဖြစ်ဘူး။ ကလေးကိုလည်း မစားဖို့ မှာထားတယ်။ ကျောင်းသား တော်တော်များများကတော့ အုံခဲပြီး ဝယ်စားကြတယ်။” လို့ သူက ပြောပါတယ်။
ဘိန်းမုန့်၊ မုန့်စိမ်းပေါင်းကဲ့သို့သော ရိုးရာမုန့်တွေကို မိဘတွေက ကျွေးချင်ပေမယ့် အဲဒီမုန့်တွေကို ကလေးတွေက စိတ်မဝင်စားဘဲ တရုတ်စာတမ်းပါ ကြက်အူချောင်းလို အချောင်းတွေ၊ အသားပြားတွေကိုသာ စားချင်ကြတယ်လို့ မအေးနွယ်က ဆိုပါတယ်။
ဒါကြောင့်လည်း မအေးနွယ်ဟာ သူ့ကလေးကျောင်းမှာ စားဖို့ အိမ်ကနေ မုန့်တွေအဆင်သင့်ထည့်ပေးလိုက်သလို ကျောင်းမုန့်ဖိုးလည်း မပေးဘူးလို့ ဆိုပါတယ်။
“သူက ဝယ်မစားပေမယ့် ပိုက်ဆံပါတဲ့ သူငယ်ချင်းတွေက ဝယ်ကျွေးမှာကို စိတ်ပူရတယ်။” လို့ သူက ဆက်ပြောပါတယ်။
ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ ကိုစည်သူ*ကလည်း သူ့ကလေး ကျောင်းကမုန့်တွေ ဝယ်စားတာမျိုး မဖြစ်ရလေ အောင် ကျောင်းမုန့်ဖိုးပေးလိုက်တာမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။
အခုအခါ ရပ်ကွက်တွင်း မီနီမတ်တွေမှာ ပြည်တွင်းက တစ်ပိုင်တစ်နိုင်ထုတ်လုပ်တဲ့မုန့်တွေ ပိုမိုများလာပြီး ထုတ်ပိုးမှုပုံစံတွေ ခေတ်မီလာပါတယ်။ ထုတ်လုပ်တဲ့ရက်စွဲ၊ ကုန်ဆုံးမယ့်သက်တမ်းတွေကို ဖော်ပြထားတဲ့အတွက် ဝယ်စားရတာ အဆင်ပြေပေမယ့် သူ့ကလေးဟာ တွေ့ရာမုန့်တွေကို ဝယ်စားတာမျိုးလုပ်မှာ စိုးတဲ့အတွက် ကျောင်းမုန့်ဖိုးမပေးဘူးလို့ သူက ဆိုပါတယ်။

ကိုစည်သူ စိတ်ပူတာက စာသင်ကျောင်းမုန့်ဈေးတန်းနဲ့ စာသင်ကျောင်းအနီးဝန်းကျင်တွေမှာ တချို့ဈေးသည်တွေဟာ တရုတ်နိုင်ငံထုတ်မုန့်တွေအပါအဝင် မုန့်မျိုးစုံကို ဈေးဗန်းထဲ ထည့်ခင်းရောင်းချတာမျိုးတွေကိုပါ။ အဲဒီမုန့်တွေဟာ ကလေးတွေအတွက် လတ်ဆတ်မှု မရှိသလို “ကျန်းမာရေးအတွက်ဆို စားလို့ အဆင်မပြေဘူး။” လို့ သူက မှတ်ချက် ပြုပါတယ်။
စာသင်ကျောင်းတွေရဲ့ မုန့်ဈေးတန်းတွေက မုန့်တွေ သန့်ရှင်းသပ်ရပ်မှုနဲ့ ဘေးအန္တရာယ်ကင်းတဲ့ မုန့်တွေ ရောင်းချစေခြင်းဟာ ကျောင်းအုပ်ကြီးတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ တောင်ဥက္ကလာပမြို့နယ်၊ အထက်တန်းကျောင်းတစ်ခုက အမည်မဖော်လိုတဲ့ ကျောင်းဆရာတစ်ဦးက ဆိုပါတယ်။
သူတာဝန်ကျတဲ့ကျောင်းမှာဆိုရင် ကျောင်းမုန့်ဈေးတန်းမှာ တာဝန်ကျကျောင်းဆရာ၊ ဆရာမတွေထားရှိပြီး တားမြစ်ထားတဲ့ မုန့်တွေ ရှိ မရှိ၊ သက်တမ်းလွန် မုန့်တွေ ရောင်းမရောင်းနဲ့ ရောင်းချထားတဲ့မုန့်တွေ သန့်ရှင်းလတ်ဆတ်မှု ရှိ မရှိ ပုံမှန် စစ်ဆေးရတယ်။ ကလေးတွေစားသုံးရန်မသင့်တော်တဲ့ မုန့်တွေရောင်းချတာတွေ့ရှိပါက ထိထိရောက်ရောက် အရေးယူတယ်။ ဒါ့အပြင် ကျောင်းမှာလည်း ကျောင်းကျန်းမာရေးနဲ့ပတ်သက်လို့ ဟောပြောပွဲနဲ့ စစ်ဆေးမှုတွေ မကြာခဏလုပ် လေ့ ရှိတယ်လို့ ဆိုပါတယ်။
ဒီလို စည်းစနစ်ကျပြီး စည်းကမ်းရှိတဲ့ကျောင်းတွေရှိသလို ကျောင်းအုပ်ကြီး မကောင်းတဲ့အတွက် စနစ်တကျ မကြပ်မတ်နိုင်တဲ့ကျောင်းတွေလည်းရှိကြတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
တောင်ဥက္ကလာပမြို့နယ်အတွင်းက ကျောင်းတစ်ကျောင်းမှာဆိုရင် သောက်ရေသန့်ကို အသုံးမပြုဘဲ အုတ်ကန်ထဲက ရေနဲ့ အအေးဖျော်ရောင်းတာမျိုးတောင်ရှိတယ်လို့ သူက ဆိုပါတယ်။
“ခြေလည်း ဆေးတယ်၊ လက်လည်း ဆေးတယ်။ အအေးလည်း ဖျော်တယ်။” လို့ တောင်ဥက္ကလာပမြို့နယ်က ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။
ဒီလိုဖြစ်နေတာဟာ ကျောင်းအုပ်ကြီးတွေနဲ့သာ သက်ဆိုင်တယ်လို့ပြောပြီး သူက အခုလို မှတ်ချက်ပြုပါတယ်။
“ဘာသိဘာသာ ငါနဲ့ မဆိုင်၊ ပိုက်ဆံရရင် ပြီးရော လူတွေ အများကြီး”
မသီသီထွန်းရဲ့ သမီးတက်ရောက်တဲ့ ကျောင်းမှာတော့ ကျောင်းအုပ်ဆရာကြီးက ဆိုးဆေးပါတဲ့မုန့်တွေ မရောင်းချဖို့ တားမြစ်ထားပေမယ့် ရောင်းချနေတဲ့သူတွေရှိသလို ကျောင်းသားမိဘတွေကလည်း ဝယ်ကျွေးကြတယ်လို့ ဆိုပါတယ်။
ကျောင်းမုန့်ဈေးတန်းမှာ ရောင်းချတဲ့ ရေခဲချောင်းတွေဆိုရင် အချိုရည်အဆီပုလင်းနဲ့ လုပ်ထားတာမျိုး မဟုတ်ဘဲ အရသာအမှုန့်၊ အရောင်မှုန့်နဲ့ သကြားကို ရေနဲ့ဖျော်ပြီး လုပ်ထားတာပါ။ တခါတလေမှာ အရောင်မှုန့်ကို ပျော်အောင် မဖျော်ထားတဲ့အတွက် အရောင်မှုန့်တွေကို မြင်နေရတယ်လို့ မသီသီထွန်းက ဆိုပါတယ်။
ဒါကြောင့်လည်း ကျောင်းဈေးတန်းတွေမှာရောင်းချတဲ့ အိမ်တွင်းတစ်ပိုင်တစ်နိုင်ထုတ်လုပ်တဲ့မုန့်တွေကို ကျောင်းက သေချာစီစစ်ပြီး ရောင်းခိုင်းစေချင်တယ်လို့ သူက ဆက်ပြောပါတယ်။
ကလေးတွေနေ့စဉ်စားသုံးနေတဲ့ အစားအစာတွေရဲ့ အရည်သွေး ရှိ၊ မရှိဆိုတာဟာ ကလေးဘဝတစ်လျှောက်လုံးရဲ့ ကျန်းမာရေးနဲ့ ဖွံဖြိုးမှုကို အဆုံးအဖြတ်ပေးတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်လို့ အဟာရပညာရှင်က ဆိုပါတယ်။
ကလေးဘဝမှာ အရိုး၊ ကြွက်သား၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အရှိန်အဟုန်နဲ့ ကြီးထွားတဲ့အချိန်ဖြစ်တဲ့အတွက် အရည်အသွေးပြည့်ဝတဲ့ အစားအစာတွေကရတဲ့ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ မရှိမဖြစ်လို အပ်တယ်လို့ ဆိုပါတယ်။
အရည်အသွေးမရှိတဲ့ “ကယ်လိုရီဗလာ” (empty calorie) မုန့်တွေဟာ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပြီး အရပ်ပုတာ၊ ကိုယ်အလေးအချိန် မပြည့်တာမျိုး ဖြစ်စေနိုင်တယ်လို့ အဟာရပညာရှင်က မဏ္ဍိုင်သတင်းဌာနကို ရှင်းပြပါတယ်။
ဒါ့အပြင် အသက်ငယ်စဉ်အချိန်မှာ ကလေးတွေရဲ့ ဦးနှောက်ဟာ အဓိက ဖွံဖြိုးပြီး အိုမိဂါ-၃၊ သံဓာတ်၊ အိုင်အိုဒင်းလို အာဟာရတွေဟာ မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုကို တိုက်ရိုက်အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
“အရည်အသွေးနိမ့်တဲ့မုန့်တွေမှာ ဒီလိုအာဟာရဓာတ်တွေ မပါဝင်တဲ့အပြင် ပါဝင်တဲ့ဓာတုပစ္စည်းတွေက ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှုကိုတောင် အနှောက်အယှက်ပေးနိုင်တယ်။” လို့ အဟာရပညာရှင်က ထောက်ပြပါတယ်။
ဒါ့အပြင် အရည်အသွေးမမီတဲ့ အစားအစာတွေကို စားသုံးတဲ့ကလေးတွေဟာ မကြာခဏ ဖျားနာတာ၊ အလွယ်အတကူ ရောဂါကူးစက်ခံရတာမျိုးတွေဖြစ်နိုင်ခြေများသလို အချို၊ အငန်၊ အဆီများတဲ့ မုန့်တွေကို ငယ်စဉ်ကလည်းက စွဲစွဲလမ်းလမ်းစားသုံးမိရင် ကြီးလာတ့အခါ အဝလွန်ရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေအလွန်များတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ဒါကြောင့် ကလေးတွေစားတဲ့မုန့်ရဲ့ အရည်အသွေးဆိုတာ ခဏတာ ဗိုက်ပြည့်ဖို့ တစ်ခုတည်းမဟုတ်ဘဲ သူတို့ရဲ့ ဘဝတစ် လျှောက်လုံးအတွက် “ကျန်းမာရေး၊ ပညာရေးနဲ့ ဘဝအရည်အသွေးကို ရင်းနှီးမြှုပ်နှံပေးတာနဲ့ အတူတူပဲ။” လို့ အာဟာရပညာရှင်က မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံက မုန့်ဆိုင်တွေနဲ့ ကျောင်းမုန့်ဈေးတန်းမှာ ရောင်းချနေကြတဲ့ မုန့်တွေ တော်တော်များများဟာ ကလေးတွေအတွက် မသင့်တော်ဘူးလို့ သူက ဆက်ပြောပါတယ်။
မိဘအများစုဟာ ဒီမုန့်တွေရဲ့ အန္တရာယ်ကို သေချာမသိဘဲ ကလေးကိုချစ်လို့ ဖြစ်စေ၊ ကလေးက ဂျီကျလို့ဖြစ်စေ အလွယ် တကူ ဝယ်ကျွေးတာမျိုးရှိပါတယ်။ ရောင်းချသူအများစုကလည်း အမြတ်ရဖို့တစ်ခုတည်းကြည့်ပြီး တာဝန်ယူမှု မရှိတာ တွေကိုလည်း အသိပညာမြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ သူက သတိပေးပါတယ်။
မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ကလေးမုန့်မျိုးစုံကို လက်လီလက်ကားဖြန့်ချိရောင်းချနေသူ တစ်ဦးကတော့ တရုတ်ကထုတ်တဲ့ မုန့်တွေဟာ ကလေးတွေအတွက် စားဖို့မသင့်တော်ဘူးဆိုတဲ့အတွက် တရုတ်မုန့်တွေကို “မရောင်းတာ အတော် ကြာပြီ။” လို့ ဆိုပါတယ်။
အခုနောက်ပိုင်းမှာ ပြည်တွင်းစက်ရုံတွေက ထုတ်လုပ်တဲ့ ဘီစကစ်မုန့်နဲ့ မုန့်အစိုတွေ ဈေးကွက်တွင်ကျယ်လာပြီး တရုတ် ထုတ် ကျောင်းဈေးလိုင်းတွေကို သိပ်မရောင်းတော့ဘူးလို့ သူက ဆိုပါတယ်။

ဒါပေမဲ့လည်း ဈေးကွက်ထဲမှာ ကလေးတွေ အစားအများဆုံးနဲ့ အရောင်းရဆုံးမုန့်တွေဟာ တရုတ်ကလာတဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် ပူစပ်ပူလောင်အသားပြား မုန့်မျိုးစုံဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမုန့်တွေကို ပုံစံမျိုးစုံနဲ့ ရန်ကုန်၊ မန္တလေးမြို့တွေက အဓိက ထုတ်လုပ်ကြပါတယ်။ အချိုရည်တွေလည်း ထုတ်ချင်တိုင်းထုတ်နေကြတယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အဲဒီအစားအသောက်တွေကို သူ့ဆိုင်ပေါ်မှာ တင်မရောင်းဘူးလို့ မင်းဘူးမြို့နယ်က ကလေးမုန့်လက်လီလက်ကားဖြန့်ချိသူ တစ်ဦးက ဆိုပါတယ်။
“ကလေးတွေ ကျန်းမာရေးအတွက်တော့ ရင်လေးစရာအမှန်ပဲ၊ စစ်မယ့်သူလည်း မရှိ၊ ဖမ်းမယ့်သူလည်း မရှိနဲ့။” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA) ကနေ ဦးစီးပြီး မုန့်ဆိုင်တွေက မုန့်တွေကို မြန်မာစာတမ်းနဲ့ ထုတ်လုပ်ရက်စွဲပါ မပါစစ်ဆေးတာ၊ အသုံးပြုထားတဲ့ ဆိုးဆေးတွေဟာ အစားအသောက်တွေမှာ အသုံးပြုခွင့်ပေးထားတဲ့ ပစ္စည်းဟုတ် မဟုတ် ဒါတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြပါ တယ်။
သူကိုယ်တိုင်ကလည်း အစိုးရရဲ့ ညွန်ကြားချက်အတိုင်းလိုက်နာခဲ့ပြီး အဲဒီအချိန်ကတည်းက တရုတ်ထုတ် ကျောင်းလိုင်းမုန့်တွေကို ဘယ်လောက်ပဲ ရောင်းရရောင်းရ မရောင်းတော့ဘူးလို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းက လမ်းကြောင်းမှန်ပေါ်ရောက်ခါနီးအချိန်တစ်ခုရှိခဲ့ပေမယ့် အခုအခါမှာတော့ အဲဒီလိုစစ်ဆေးတာတွေ မရှိတော့ဘူးလို့ သူက ပြောပါတယ်။
အဲဒီအချိန်က ကျောင်းတွေမှာလည်း ကျောင်းကျန်းမာရေးပညာပေးအစီအစဉ်တွေ အဆင့်ဆင့်ထားရှိပြီး အမှန်တကယ် လုပ်ဆောင်ခဲ့ကြပါတယ်။ ကျောင်းကျန်းမာရေးပညာပေးခြင်းအစီအစဉ်တွေမှာ မူလတန်းအဆင့်ဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အလယ်တန်းအဆင့်မှာဆိုရင် ကိုယ်လက်လှုပ်ရှားအားကစားတွေအပါအဝင် အာဟာရဖွံ့ ဖြိုးရေးနှင့် အစား အစာများ အန္တရာယ်ကင်းဝေးရေးစတာတွေကို စိစစ်ကြပ်မတ်ခဲ့ကြပါတယ်။
အာဟာရပညာရှင်ကတော့ ကလေးတွေစားသောက်နေကြတဲ့အစားအသောက် ပြဿနာဟာ အရင်အရပ်သား အစိုးရ လက်ထက်ကတည်းက ရှိနေပြီးသားဖြစ်ပေမယ့် ၂၀၂၁ နောက်ပိုင်းမှာ အခြေအနေဟာ ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အစိုးရဌာနတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးနဲ့ စားသုံးသူကာကွယ်ရေးလို လုပ်ငန်းတွေမှာ အာရုံစိုက်မှုနဲ့ ထိရောက်မှု သိသိသာသာ ကျဆင်းသွားပါတယ်။ နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေနဲ့အတူ တရားဝင်စစ်ဆေးကြပ်မတ်မှုတွေ အားနည်းသွားပြီး အရည်အသွေးမမီ၊ ဘာအမှတ် တံဆိပ်မှန် မသိတဲ့အစားအသောက်တွေ အရင်ကထက် ပိုပြီး လွယ်လွယ်ကူကူဝင်ရောက်လာပါတယ်။ ဒါအပြင် ပြည်သူ လူထုရဲ့ စားဝတ်နေရေး ခက်ခဲလာတဲ့အခါမှာ အရည်အသွေးထက် ဈေးနူန်းသက်သာတဲ့ အရည်အသွေးအညံ့ဆုံး မုန့်တွေ ဈေးကွက်ပိုရလာပါတယ်။
ဒီလို အစားအသောက် အန္တရာယ်တွေ ပိုမိုဆိုးရွားလာတဲ့အခြေအနေကို ဖော်ထုတ်ရေးသားကြမယ့် သတင်းမီဒီယာတွေအပေါ် ဖိအားတွေများလာတဲ့အတွက် ပြည်သူ လူထုဆီကို သတင်းအချက်အလက်ရောက်ရှိမှု နည်းပါး သွားတယ်လို့လည်း အာဟာရပညာရှင်က ထောက်ပြပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးဖို့ လိုအပ်တဲ့ ဝန်ထမ်း၊ ခေတ်မီဓာတ်ခွဲခန်းနဲ့ အရင်းအမြစ်တွေ နည်းပါးတာ၊ ရှိပြီးသားဥပဒေတွေကို ထိထိရောက်ရောက် အရေးယူမှုနည်းပါးတဲ့အခါ ထုတ်လုပ်သူနဲ့ ရောင်းချသူတွေက ဂရုမစိုက် ကြတာ၊ ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီတွေကြား ပူးပေါင်း စစ်ဆေးကြပ်မတ်တာမျိုးတွေ မလုပ်နိုင်ဘူးလို့ သူက ဆိုပါတယ်။
သက်ဆိုင်ရာဌာနတွေက အခုလို ထိရောက်တဲ့ ကြပ်မတ်စစ်ဆေးမှုတွေ မလုပ်နိုင်တဲ့အခါမှာ – “ ကျွန်တော်တို့ရဲ့ ကလေး တွေဟာ နေ့စဉ်နဲ့အမျှ အဆိပ်အတောက်တွေကို အစားအစာအဖြစ် စားသုံးနေရသလိုဖြစ်နေပါတယ်။ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်က အလွန်ဝမ်းနည်းစရာပါ။” လို့ အာဟာရပညာရှင်က မှတ်ချက်ပြုပါတယ်။
အရည်အသွေးကောင်းမွန်တဲ့ အစားအသောက်တွေကို စားသောက်ရဖို့အရေး ခက်ခဲနေတဲ့အခြေအနေမှာ စစ်ကောင်စီ ကတော့ အခုနှစ် ဩဂုတ်လ ၁၈ ရက်မှာ ထိုင်းကုန်စည်တင်သွင်းခွင့်တွေကို ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့ ကုန်စည်တွေထဲမှာ ကျန်းမာရေးအတွက် စိတ်ချရပြီး ကလေးတွေအများစု အားထားစားသောက်နေရတဲ့ မုန့်နဲ့ နို့ထွက်စားသောက်ကုန်တွေလည်း ပါဝင်ပါတယ်။
လှိုင်သာယာမြို့နယ်မှ မအေးနွယ်ကလည်း ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကို ပိတ်ဆို့လိုက်တာကြောင့် ထိုင်းနိုင်ငံထုတ်တဲ့ မုန့်တွေနဲ့ ပဲနို့တွေဟာ ဈေးတက်လာတယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းတွေမှာဆိုရင် ထိုင်းနိုင်ငံထုတ်မုန့်တွေ သီးသန့်ရောင်းချတဲ့ဆိုင်တွေလည်းရှိပါတယ်။ အရည်အသွေး ကောင်းတဲ့ အလျှောက်ဈေးများတဲ့အတွက် တော်ရုံမဝယ်စားနိုင်ဘူးလို့ ဆိုပါတယ်။
ကမာရွတ်မြို့နယ်က ကိုစည်သူကလည်း “ထိုင်းမုန့်တွေဆို ဈေးက မြောက်နေလို့ မကပ်နိုင်ကြဘူး။” လို့ ဆိုပါတယ်။
ရပ်ကွက်တွင်းဈေးဆိုင်တွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ တရုတ်ထုတ်မုန့်တွေ၊ ပြည်တွင်းဖြစ်မုန့်တွေ၊ အိမ်တွင်း တစ်ပိုင် တစ်နိုင်ထုတ်လုပ်ထားတဲ့ မုန့်တွေရဲ့ အရည်အသွေးတွေကို စစ်ဆေးကြပ်မတ်မှုတွေ မလုပ်နိုင်သေးတဲ့အခါမှာတော့ မသီသီ ထွန်းဟာ သူ့ကလေး အစားအသောက်နဲ့ပတ်သက်လို့ အန္တရာယ်ကင်းစေဖို့ သူ့နည်းသူဟန်နဲ့ ဖြေရှင်းနေရပုံကို အခုလို ပြောပါတယ်။
“တရုတ်မုန့်စားရင် ဉာဏ်တုံးမယ်လို့ ငယ်ငယ်ကတည်းက ပြောထားတော့ အခုထိ မစားရဲဘူး။”
*အမည်လွှဲ
11 comments
Interesting analysis! Seeing platforms like pinoyluck slot download really cater to local preferences with GCash & PayMaya is smart. Accessibility is key for PH gamers, right? Solid post!
Really insightful article! Seeing platforms like PinoyLuck prioritize localized payment options (GCash, PayMaya!) is huge for Filipino players. Makes access so much easier – check out the pinoyluck app download for seamless gaming! Great read overall.
Roulette’s allure is fascinating – the probabilities are clear, yet the outcomes feel random! Seeing platforms like pinoyluck cater specifically to Filipino players with easy GCash access is smart. Localization really enhances the experience, don’t you think? It’s all about accessibility!
Winnermx… not a bad shout. They seem to have more options available to bet then I am use to. Have a look and let me know what you think: winnermx
phl789 https://www.nphl789.net
fg777link https://www.befg777link.com
Yo, 13winokvip… VIP treatment for everyone, that’s the slogan, right? Solid site with a good selection of games. Worth a look. 13winokvip
Lottus is giving, like lottery giving! Check it out for lottery games, maybe today’s your lucky day! Good luck fam! lottus
Hey, I stumbled upon 8k77777 the other day. Pretty cool! Give it a shot, you might just dig it! Check it out here 8k77777.
Thanks for sharing. I read many of your blog posts, cool, your blog is very good.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://accounts.binance.com/ru-UA/register-person?ref=JVDCDCK4