စိုက်ပျိုးရေးအသိပညာပေး ဆောင်ရွက်နေသည့် Greenovator အဖွဲ့ပူးတွဲတည်ထောင်သူ၊ မန်နေဂျာ ကိုသိန်းစိုးမင်း အင်တာဗျူး

မဏ္ဍိုင်၊ နိုဝင်ဘာ ၅၊ ၂၀၂၁။

“စိုက်ပျိုးရေးဆိုတာ ကျွန်တော်တို့ရဲ့ ဝမ်းဗိုက်ကြီးနဲ့ တူတယ်ဗျ။။ လိုအပ်ချက်မျိုးစုံရှိတယ်။ အားနည်းရင် အာဟာရမှုန့်၊ အားဆေးသောက်ရမယ်။ တကယ်လိုအပ်လာရင် အကြောဆေးသွင်းရမယ်၊ ဆလိုင်းချိတ်ရမယ်။ ဒါပေမယ့် ဒါတွေက အချိန်ပြည့် လိုအပ်နေတာမဟုတ်ဘူးဗျ။ အဓိကအစားအစာဖြစ်တဲ့ ရေ၊ ထမင်း၊ အသီးအရွက်၊ အသားငါးတွေက စားပေးဖို့က နေ့စဉ်လိုအပ်တယ်။ အဲဒီလိုပါပဲ စိုက်ပျိုးရေးမှာ ဓာတုဆေးတွေက တကယ်လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီထက်ပိုလိုအပ်တာက မြေဆွေး၊ သစ်ဆွေးဓာတ်၊ အကျိုးပြုအဏုဇီဝတွေ၊ အကျိုးပြုပိုးမွှားတွေ၊ သားရဲတိရိစ္ဆာန်တွေပါ။ ကျွန်တော်တို့ မြေကြီးက ဖျားနာနေတာကြာပါပြီ။ ဒီကာလက ဖျားနာနေတာကို ကုသဖို့ အခွင့်လမ်းတစ်ခုပါပဲ။”

မေး။ ။ ဒီနှစ် သွင်းအားစုတွေ စျေးကြီးမြင့်မှုကြောင့် လယ်သမားတွေအခက်ကြုံနေရပါတယ်။ ရေရှည်မှာ သမားရိုးကျ ဓာတုနည်း အားကိုးနဲ့ စိုက်ပျိုးလို့ အဆင်ပြေပါဦမလား။ တခြား ဘယ်နည်းလမ်းနဲ့ စိုက်ပျိုးလို့ရနိုင်ပါဦးမလား။

ဖြေ။ ။ဓာတ်မြေသြဇာကတော့ ဒီနှစ်ရဲ့ ငွေလဲနှုန်းတွေ၊ လက်ရှိအခြေအနေတွေကြောင့် ဖြစ်သင့်ထက်ဈေးထက် အစပေါင်းများစွာ ကျော်လွန်နေတာပါ။ ဒါပေမယ့် ဒါဟာလည်း တောင်သူတွေအတွက် Wake up call အဖြစ် တပ်လှန့်လိုက်ပြီး အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိုက်တာပါ။ တောင်သူတွေ မတက်နိုင်တော့တဲ့ ဈေးဖြစ်သွားတဲ့အချိန်မှာ ကိုယ်တိုင် မြေဆွေးမြေသြဇာတွေ လုပ်လာကြတယ်။ အပင်အားဆေးတွေ ထုတ်လာကြတယ်။ ရှိနေတဲ့ ဓာတ်မြေသြဇာတွေကို အထိရောက်ဆုံး ဘယ်လိုသုံးမလဲဆိုတာ စဉ်းစားလာကြတယ်။

အရင်တုန်းကတော့ နည်းပညာပေးတဲ့သူက တော်တော်ရှားတယ်။ အခုဆို Green Way (အစိမ်းရောင်လမ်း) လို ဆော့ဝဲလ်တွေကလည်း တောင်သူတွေ ဆောင်ထားကြတော့ မြေသြဇာလုပ်နည်း၊ ပိုးသတ်ဆေးလုပ်နည်း၊ အားဆေးလုပ်နည်းတွေကလည်း အလွယ်တကူ လေ့လာနိုင်ပြီလေ။ ဒီကာလအခွင့်အရေးကတစ်ဆင့် နောက်ဆို တောင်သူက ဓာတ်တုနဲ့ သဘာဝကို အချိုးကျကျ သုံးလာလိမ့်မယ်။ ဒါက အဖြစ်သင့်ဆုံး အခြေအနေပါ။ အရင်က တောင်သူတွေက အပင်တွေကို အားဆေးနဲ့ နို့မှုန့်ပဲ တိုက်ပေးတဲ့ ကလေးလိုပဲ သဘောထားကြတယ်။ တကယ်က ဒီဆေးတွေအပေါ်မှာပဲ ရေရှည်ရပ်တည်လို့မရဘူးလေ။

မေး။ ။ စရိတ်သက်သာမယ့် ဓာတုလွတ်စိုက်ပျိုးနည်းကျင့်သုံးဖို့ ဘာအဟန့်အတားတွေ ရှိမလဲ။ လယ်သမား အားလုံးလက်လှမ်းမီဖို့ဆို ဘယ်သူကအဓိက တာဝန်ယူ လုပ်ဆောင်သင့်လဲ။

ဖြေ။ ။ပထမတစ်ခုရှင်းချင်တာက ဓာတုလွတ်က စရိတ်မသက်သာပါဘူး။ သွင်းအားစု (မြေသြဇာ၊ ပိုးသတ်ဆေး) ကုန်ကျစရိတ်တွေနေရာမှာ မိသားစုလုပ်အားကို အစားထိုးထည့်လိုက်ရတာပါ။ ကျွန်တော်တို့က စိုက်ပျိုးရေးကို စီးပွားရေးလို့ မြင်ရင် ဒီလုပ်အားတွေကလည်း အရင်းအနှီးတစ်ခုပါပဲ။ အခြားဘယ်လုပ်ငန်းမဆို ပိုင်ရှင်တွေလည်း အလုပ်လုပ်ရင် လစာယူကြတာပါပဲ။

ဓာတုလွတ်စိုက်တာနဲ့ ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင်လည်း ဓာတုလွတ်စိုက်ခဲ့ဖူးတယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေ ကြိုက်မှကြိုက်။ အဟန့်အတားထက် ဈေးကွက်ဖော်ဆောင်နိုင်ဖို့လိုတာပါ။ ဓာတုလွတ်စားချင်တဲ့သူတွေလည်း အများကြီး ဈေးပေးနိုင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ပြည်တွင်းတင်မကဘူး ပြည်ပထိပါ ချိတ်ဆက်လို့ရနိုင်တယ်။ တောင်သူလုပ်ငန်းရှင်တွေက မညံ့ပါဘူး။ ဈေးကွက်သာ အာမခံပေး ဓာတုလွတ်လိုချင်လား ရအောင် စိုက်ပေးနိုင်ကြပါတယ်။ ကျွန်တော်တော့ အဲဒီလိုပဲ မြင်တယ်။ အခြားနိုင်ငံတွေမှာတော့ ဈေးကွက်ဖော်ဆောင်တာ ချိတ်ဆက်တာတွေကတော့ ဌာနတွေက လုပ်ပေးကြတာပဲ။

မေး။ ။လက်ရှိ ဓာတုသုံး စိုက်ပျိုးနည်းက မြန်မာပြည်မှာ ဘယ်လိုပုံစံနဲ့ တွင်ကျယ်လာခဲ့တာ တွေ့ရလဲ။

ဖြေ။ ။ဓာတုစသုံးလာတာကတော့ မြစိမ်းရောင်တော်လှန်ရေး Green Revolution ကစတာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက အစိုးရကစပြီး သုံးတတ်လာအောင် မြေသြဇာအိတ်တွေကို အလကားပေးပြီး သုံးခိုင်းတယ်။ ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေကြည့်ရင်လည်း ဆေးဝါးတွေကို အလုံးစုံမှီခိုလာအောင် ကြော်ငြာတယ်။ ကုမ္ပဏီမှာလုပ်တဲ့ စိုက်ပျိုးရေးပညာရှင်တွေကိုလည်း ဆေးဝါးသုံးဖို့အတွက်ပဲ ဇောင်းပေးပြီးပြောတယ်။

အဲဒီကနေပြီး ဓာတုပစ္စည်းတွေကို စွဲလမ်းတဲ့ရောဂါစဖြစ်လာတာ။ ဘယ်လောက်ဆိုးသွားလဲဆို မြေသြဇာမထည့်ရ၊ ဆေးမဖျန်းရရင်ကို မနေနိုင်တဲ့အထိဖြစ်သွားတာ။ မိတ်ဆွေပိုးတွေ၊ အကျိုးပြုသားရဲကောင်တွေဆိုတာ တော်တော်ရှားသွားပြီ။ အရင်က ကောင်းကင်မှာ ပေါပေါများများတွေ့ရတဲ့ ပုဇင်းတွေ၊ ပျံလွှားတွေဆိုတာ အခုဆို တော်တော်ရှားသွားပြီ။ ဒါပေမယ့် အပင်မှာကျတဲ့ ပိုးတွေ၊ ရောဂါတွေက ပျောက်မသွားဘူး။ ဒါကို သတိပြုစေချင်ပါတယ်။

မေး။ ။ ဓာတုလွတ်စိုက်ပျိုးနည်းနာတွေက အိမ်နီးချင်းနိုင်ငံတွေမှာ ဘယ်လောက်တွင်ကျယ်နေပြီလဲ။

ဖြေ။ ။အနီးစပ်ဆုံး ထိုင်းမှာဆိုရင် သြဂဲနစ်ဈေးတွေ ရှိလာတယ်။ ဈေးတွေထဲမှာ ဓာတ်ကြွင်းစစ်လို့ရတဲ့ စင်တာလေးတွေ တွေ့လာရတယ်။ နောက် လူထုအခြေပြုစိုက်ပျိုးနည်းစနစ်တွေ (Community Support Agriculture)၊ အများပါဝင်သောအာမခံစနစ် (Participatory Grantee System) တွေကို လူငယ်စိုက်ပျိုးရေးလုပ်ငန်းရှင်တွေက ဦးဆောင်ပြီး အကောင်ထည်ဖော်လာကြတယ်။ ကျွန်တော်ဆိုအစည်းအဝေးတစ်ခုမှာ ထိုင်းက လူငယ်ရေးရာဌာနက အဆင့်မြင့်ရာထူးနဲ့ လူတစ်ယောက်က လာနားထောင်တော့ တော်တော်အားကျမိတယ်။ မေးကြည့်တော့ သူလို့ထိုင်းလူငယ်တွေ ဘာတွေလုပ်နေလဲ ဘယ်လိုပံ့ပိုးကူညီရမလဲသိရအောင် လာတက်တာလို့ ပြောတယ်။

ဖြေ။ ။ နောက်ထပ်ဘာများဖြည့်စွက်အကြံပြုလိုပါသလဲ။

ဖြေ။ ။စိုက်ပျိုးရေးဆိုတာ ကျွန်တော်တို့ရဲ့ ဝမ်းဗိုက်ကြီးနဲ့ တူတယ်ဗျ။။ လိုအပ်ချက်မျိုးစုံရှိတယ်။ အားနည်းရင် အာဟာရမှုန့်၊ အားဆေးသောက်ရမယ်။ တကယ်လိုအပ်လာရင် အကြောဆေးသွင်းရမယ်၊ ဆလိုင်းချိတ်ရမယ်။ ဒါပေမယ့် ဒါတွေက အချိန်ပြည့် လိုအပ်နေတာမဟုတ်ဘူးဗျ။ အဓိကအစားအစာဖြစ်တဲ့ ရေ၊ ထမင်း၊ အသီးအရွက်၊ အသားငါးတွေက စားပေးဖို့က နေ့စဉ်လိုအပ်တယ်။ အဲဒီလိုပါပဲ စိုက်ပျိုးရေးမှာ ဓာတုဆေးတွေက တကယ်လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီထက်ပိုလိုအပ်တာက မြေဆွေး၊ သစ်ဆွေးဓာတ်၊ အကျိုးပြုအဏုဇီဝတွေ၊ အကျိုးပြုပိုးမွှားတွေ၊ သားရဲတိရိစ္ဆာန်တွေပါ။ ကျွန်တော်တို့ မြေကြီးက ဖျားနာနေတာကြာပါပြီ။ ဒီကာလက ဖျားနာနေတာကို ကုသဖို့ အခွင့်လမ်းတစ်ခုပါပဲ။

Leave a Comment

5 comments

^Inregistrare December 22, 2025 - 12:54 am

Your article helped me a lot, is there any more related content? Thanks!

Reply
binance register January 1, 2026 - 10:14 am

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/register-person?ref=IXBIAFVY

Reply
binance h"anvisningskod January 4, 2026 - 9:24 pm

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.

Reply
bonus di registrazione binance January 12, 2026 - 2:27 am

Your point of view caught my eye and was very interesting. Thanks. I have a question for you.

Reply
okebet168 January 15, 2026 - 12:52 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing