မဏ္ဍိုင်၊ အောက်တိုဘာ ၅၊ ၂၀၂၅။
“နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ။
မုန်းသူမရှိ၊ ချစ်သူသာရှိ”
ဤကား ဆရာကြီးဒဂုန်တာရာ၏ ထင်ရှားသည့် အဆိုအမိန့်ဖြစ်သည်။
စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြသည့် နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများနှင့် ဝန်းရံထောက်ပို့နေကြသည့် အင်အားစုများ၏ မျက်မှောက်အခြေအနေသည် ဆရာကြီး၏ အဆိုအမိန့်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်ဟု ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ရင်ဘက်ချင်းတူသူတွေ၊ မိတ်ဆွေတွေ၊ ချစ်ခင်ကြသူတွေအချင်းချင်းကြား ယခုအခါ ရန်သူများသဖွယ်ဖြစ်လာခြင်းကြောင့်ပင်။
တော်လှန်ရေးခရီးအစတွင် အားလုံးတက်ညီလက်ညီ ရုန်းကန်ညီညွတ်ခဲ့ကြသည်။ တော်လှန်ရေးခရီး တစ်နှစ်၊ နှစ်နှစ်ခန့် ကြာမြင့်လာသည့်အခါ စစ်အာဏာရှင်ကို တော်လှန်ကြသည့် အင်အားစုများကြား ဝေဖန်ထောက်ပြမှုများရှိလာကြသည်။
ဝေဖန်ထောက်ပြခံရသည့် အင်အားစုများသည် အမှားကို မပြင်၊ အမှန်ကို မလုပ်သည့်အတွက် ဝေဖန်သူများ၏ အားမလို၊ အားမရထောက်ပြဝေဖန်မှုများက တစ်နှစ်ထက် တစ်နှစ် ပို၍ ပြင်းထန်လာခဲ့သည်။ ယခုအခါ အပြက်အပြက်နှင့် နှာခေါင်းသွေးထွက်ဆိုသကဲ့သို့ တော်လှန်ရေးကို ထိခိုက်နိုင်သည့် အခြေသို့ ဆိုက်လာ၏။
အချို့သော ဝေဖန်မှုများက အမှားကို ပြင်ဆင်စေလိုသည့်သဘောထက် ပျက်စီးစေလိုသည့်သဘောမျိုးကို တွေ့လာရသည်။
တော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စင်ပြိုင်သဘော တည်ထောင်ကြခြင်းမှအစပြု၍ နေ့စဉ်သာမန်လူမှုဘဝအထိ အချင်းချင်းကြား ရန်သူများမွေးဖွားနေကြသည်။
ဥပမာဆောင်ရသော် မကြာခင်က ကျင်းပခဲ့သည့် One Championship တွင် ဗွိုင်းကောင့်လုပ်ထားကြသည့် အဆိုတော်လေးဖြူကို လက်ခံသီချင်းဆိုခိုင်းရကောင်းလားဟုဆိုကာ အောင်လအန်ဆန်းကိုပင် အားမပေးတော့ဘူးဟူသော ပြောဆိုမှုမျိုးဖြစ်သည်။
တော်လှန်ရေးအပေါ်ထားရှိသည့် ခံယူချက်ခိုင်မာတည်ကြည်သော်လည်း ယင်းသို့ ပြစ်တင်ပြောဆိုခြင်းက တော်လှန်ရေးအောင်မြင်ဖို့အတွက် အလုပ်မဖြစ်။ တော်လှန်ရေးမိတ်ဆွေများကို ရန်သူများအဖြစ် ထပ်မံမွေးဖွားနေသကဲ့သို့ဖြစ်နေသည်။ ဝေဖန်မှုက အဖြေမထွက်ဘဲ မိမိတို့၏အင်အားစုများကြား ပျက်သုန်းခြင်းသို့သာ ဦးတည်နေသည်။ ယင်းက တော်လှန်ရေးအတွက် ကောင်းသည့်လက္ခဏာ မဟုတ်။
ယခုကာလတွင် အတွင်းပဋိပက္ခနှင့် မိတ်ဆွေချင်း အချင်းများကြသည့် ဖြစ်စဉ်များကို နေ့စဉ်လိုလို တွေ့မြင်လာရသည်။ ယင်းမှာ ရန်သူက အားမထုတ်ရဘဲ နိုင်နေခြင်းသာဖြစ်သည်ဟုဆိုချင်သည်။
ထို့ကြောင့် တော်လှန်ရေးမိတ်ဖက်အချင်းချင်း အငြင်းပွားအချင်းများနေခြင်းများကို ရပ်တန့်ဖို့ကောင်းသည်၊ ဆင်ခြင်ဖို့ကောင်းသည်ဟု ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက ရှုမြင်သည်။
အထူးသဖြင့် ယခုကဲ့သို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ရေး၊ နိုင်ငံရေးအရ ဘက်စုံထောင့်စုံမှ ကြိုးပမ်းအားထုတ်နေသည့်ကာလ၌ ပို၍ပင် ဆင်ခြင်သင့်သည်။ တော်လှန်ရေးအင်အားစုများ ပို၍ပင် စည်းလုံးညီညွတ်သင့်သည်။
နိုင်ငံတဝှမ်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရေးအရှိန်မြှင့်ရန် အားထုတ်ကြိုးပမ်းလာသည့်အချိန် စစ်အာဏာရှင် တော်လှန်ရေးထောက်ခံသူများကလည်း ဟန်ချက်ညီညီ ဝန်းရံထောက်ပို့ကြရန် အချိန်ကောင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကျင်းပမည့် ရွေးကောက်ပွဲကို ဟန့်တားနိုင် ခြင်းသည် ၎င်း၏နိုင်ငံရေးထွက်ပေါက်ကို ရိုက်ချိုးပစ်ရာရောက်သလို နွေဦးတော်လှန်ရေး၏ အောင်မြင်မှုလည်း ဖြစ်လာနိုင်ဖွယ်ရာရှိသည်ဟု ကျွန်ုပ်တို့မဏ္ဍိုင်သတင်းဌာနက ရှုမြင်ပါသည်။
ထို့ကြောင့် စစ်အာဏာရှင်ကို တော်လှန်ကြသူအပေါင်းတို့ စည်းလုံးညီညွတ်ကြရန် ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက အလေးအနက် တိုက်တွန်းအပ်ပါသည်။
9 comments
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Voslotlogin keeps it simple, gets straight to the point. Give it a shot for login voslotlogin.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
https://www.yatongits-go.net I am thanksful for this post!
fb777login https://www.fb777loginv.org
Looking for something specific? Check out ưinvn! I am not completely sure what it covers, but you can see for yourself here ưinvn.
32win12, huh? Been seeing their name pop up a lot. Worth a look? I’m always looking for a new spot. Let me know what you think if you try it. Definitely check it out 32win12.
Love the horse races on Nesine! Makes betting on the ponies super simple. Go check it: nesine com at yarışı.
Your article helped me a lot, is there any more related content? Thanks!