ဗျူဟာစုံခင်းလာသည့် စစ်တပ်နှင့် ဝေဝါးနေဆဲ NUG

မဏ္ဍိုင်၊ ဩဂုတ် ၁၈၊ ၂၀၂၅။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုနှစ် ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုသည့် နိုင်ငံရေးထွက်ပေါက်ကို မဏ္ဍိုင်ပြုကာ စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာ သံခင်းတမန်ခင်းများကို ဗျူဟာစုံခင်းနေ သည့်အချိန် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများကတော့ ဝေဝေဝါးဝါးဖြစ်နေဆဲပင်။

စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများဟုဆိုရာ၌ တိတိပပဆိုရလျှင် တော်လှန်ရေးတပ်ဦးသဖွယ်မှတ်ယူခဲ့ ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးအင်အားစုများ ဖြင့် စုဖွဲ့ထားသည့် အစုအဖွဲ့များကို ဆိုချင်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦး​ဆောင်သည့် စစ်ကောင်စီသည် နိုင်ငံအနှံ့မည်သို့ပင် စစ်ရေးအရ ရှုံးနိမ့်မှုများဖြင့် ရင်ဆိုင်နေရသည်ဖြစ်စေ ၂၀၂၅ ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာသည်။ ယခုဆိုလျှင် ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုပင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ပြီးလျှင် စစ်ရေးအရရှုံးနိမ့်ခဲ့သည့် လားရှိုးနှင့် နောင်ချိုကို တရုတ်အားကိုးဖြင့် ပြန်ယူသည်။ လက်ရှိ၌ သိန္နီမြို့ကို ပြန်ပေးရန်ပင် ထပ်မံတောင်းဆိုနေသည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေး၌ စစ်ရေးရှုံးနိမ့်ပြီး တပ်သားအင်အားဖြုန်းတီးခဲ့မှုများကို စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး ကုစားခဲ့သည်။ ယခုအခါ အဆိုပါစစ်မှုထမ်းအသစ်များဖြင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့များ၊ စစ်စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးတွင် ကျရှုံးတော့မလိုလိုဖြစ်နေသည့် စစ်ကောင်စီသည် ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် စစ်ရေးထိုးစစ်များ ဆင်နွှဲနေ သည်။

ယခုလပိုင်းအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု၊ အဆင့်မြင့်ဒရုန်းတိုက်ခိုက်မှုများနှင့် စက်တပ် လေထီးများအသုံးပြုတိုက်ခိုက်နေမှုကို နိုင်ငံအနှံ့ပြု လုပ်နေခြင်းကြောင့် ပြည်သူအများအပြား အသက်ဆုံးရှုံး နေရသည်မှာ အားလုံးအသိပင်ဖြစ်သည်။

စစ်ကောင်စီသည် ယင်းသို့စစ်ရေးအရှိန်မြင့်တိုက်ခိုက်လာသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုအဖြစ် စစ်ကောင်စီမှ စစ်ကော်မရှင်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စစ်အာဏာရှင်မင်းအောင်လှိုင်သည် မည်သို့ပင် သူ့ကိုယ်သူ ရာထူးတွေပေးနေသည်ဖြစ်စေ ငြင်းမရသည့်အချက်က ၎င်းသည် ပြုပြင်ပြောင်းလဲရေး ကို လက်တွေ့ကျကျလုပ်ဆောင်နေခြင်းပင်။

ရာထူးပေးသင့်သည့် စစ်ဗိုလ်ချုပ်များကို ရာထူးတိုးပေးပြီး ဖြုတ်သင့်သည့် စစ်ဗိုလ်ချုပ်များကို ဖြုတ်ပစ်သည်။ စစ်ဗိုလ်ချုပ်အချို့ကိုလည်း အရပ်ဘက်သို့ ပြောင်းလဲပစ်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းကိုထောက်ခံသည့် ရုရှား၊ တရုတ်နှင့် ဘီလာရုစ် နိုင်ငံများမှ စစ်ရေးအထောက်အပံ့များယူ သည်။ အာဆီယံနိုင်ငံများကြား နိုင်ငံရေးအရ အသိအမှတ်ပြုခံရဖို့ကို ကြိုးပမ်းသည်။

ယခုဩဂုတ်လအတွင်း အာဏာသိမ်းစစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းရှင် ၄ ဦးကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ဖယ်ရှားပေးလိုက်သည့်နောက် အာဏာသိမ်းစစ်တပ်သည် သမ္မတထရမ့်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဒေါ်လာသုံးသန်းဖြင့် လော်ဘီအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့ သည်။

စစ်ကောင်စီက ယင်းကဲ့သို့သော စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးများကို ဗျူဟာစုံခင်းနေသည့်အချိန်၌ အမျိုးသားညီညွတ်ရေးအစိုးရသည် ဝေဝေဝါးဝါးဖြစ်နေဆဲပင်။

ယခုနှစ်ဆန်းပိုင်း၌ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်တော့မည်ဟု တွင်တွင်ကျယ်ကျယ်ပြောခဲ့သည့် NUG သည် ယခုနှစ်ဝက်ကျိုးလာသည့်အချိန်ထိ မြေပြင်ဆင်းသည့် ဓာတ်ပုံတချို့ ရိုက်ပြခြင်းကလွဲ၍ ကြီးကြီးမားမား ပြောင်းလဲခြင်းကိုက ယနေ့အထိ မတွေ့ရသေးပေ။

ထို့ကြောင့်လည်း အပြောင်းအလဲများ ပြုလုပ်ကြရန် ၎င်းတို့၏ အင်အားစုများကိုယ်တိုင်က ဝေဖန်ထောက်ပြမှုများ ဆက်တိုက်ပြုလုပ်လာသည်။ ကိုယ်တွင်းပဋိပက္ခနှင့် မညီညွတ်မှုများက ပို၍များလာသည်ကို တွေ့ရသည်။ ယခုအခါ အခြားသော နိုင်ငံရေးအင်အားစုများလည်း ထပ်မံပေါ်ပေါက်လာသည်။

ယင်းကဲ့သို့ တော်လှန်ရေးအင်အားစုများ မျိုးစုံကွဲပြားလာခြင်းနှင့် ဦးတည်ချက်ဝေဝါးလာြခင်းသည် ပြည်သူ လူထု၏ တော်လှန်ရေးအပေါ်ထားရှိသည့် ယုံကြည်မှုကို များစွာထိခိုက်စေနိုင်သည်။ တော်လှန်ရေးအပေါ်ထားရှိ သည့် လူထုထောက်ခံမှုများ ကျဆင်းနိုင်သည်။

ထို့ကြောင့် စစ်အာဏာရှင်တော်လှန်ရေးတပ်ဦးဟု မှတ်ယူထားသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်ကို တော်လှန်မည်လား၊ အစိုးရလုပ်ဖို့ ကြိုးပမ်းမည်လား၊ နှစ်ခုလုံးကို တစ်ပြိုင်တည်းလုပ်၍ မိမိကိုယ်ကိုယ်အစိုးရဟုသတ်မှတ်မည်ဆိုလျှင် ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ ထောက်ခံမှုကို လက်တွေ့ကျကျရနေပါသလား၊ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကို စစ်ရေးအရ အမိန့်ပေးစေခိုင်းနိုင်သည့် အခြေအနေရှိပါသလား၊ NUG၊ MoD လက်အောက်ရှိ PDF တပ်ရင်းများအားလုံးကိုရော တစ်စုတစ်စည်းတည်းအဖြစ် စုစည်းနိုင်ပြီလား၊ အစိုးရတစ်ရပ်အဖြစ် ခံယူထားခြင်းအတွက် အစိုးရအဖြစ် ပီပီပြင်ပြင်ဦးဆောင်နိုင်ပြီလားဆိုသည့်မေးခွန်းများကို မိမိကိုယ်ကိုယ် အားမနာတမ်း မေးခွန်းထုတ်ရမည်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကဲ့သို့ လက်တွေ့ကျသည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဖို့ကောင်းသည်။ တော်လှန်ရေးတပ်ဦးသည် ဝေဝါးတွေဝေနေ၍ မရ။ တော်လှန်ရေးနှင့်ကိုက်ညီမည့် ပြုပြင်ပြောင်းလဲရေးကို လုပ်ရမည်ဖြစ်သည်။ မင်းသားကြီးမလုပ်ရလျှင် ပတ်မကြီးထိုးဖောက်ချင်သည့် စရိုက်မျိုးမထားဘဲ ပြုပြင်ပြောင်းလဲ သင့်သည့် တော်လှန်ရေးတပ်ဦးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ဝန်းရံကြိုးစားအားထုတ်ရမည်ဖြစ်သည်။

ပြုပြင်ပြောင်းရေးလုပ်ရန် တစ်ရက်ကြာလျှင် ပြည်သူများ တစ်ရက်နာနေရသည်ဆိုတာကို နှလုံးသွင်းကာ လိုအပ်သည့်ပြုပြင်ပြောင်းလဲရေးကို မြန်မြန်လုပ်ရန် ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက တိုက်တွန်းလိုက်ပါသည်။

Leave a Comment

5 comments

987ph August 26, 2025 - 12:07 pm

It’s fascinating how easily we fall into reward cycles – even just thinking about games! Seeing platforms like 987ph com prioritize a smooth signup & secure experience is smart; it builds trust, crucial for sustained engagement. It’s all psychology!

Reply
jackpotcitycasino December 22, 2025 - 10:35 pm

Jackpotcitycasino, man, the name says it all! Chasing those jackpots. Didn’t win big, but it was still a fun time. Giving jackpotcitycasino a thumbs up.

Reply
binance Konta Izveidosana January 2, 2026 - 4:21 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.com/register?ref=IXBIAFVY

Reply
jilivip January 14, 2026 - 9:02 pm Reply
2jili January 14, 2026 - 10:47 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing